ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 18:14-24 Judson Bible (BJB)

14. ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။

15. ထို့ကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ။

16. သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့။

17. ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။

18. ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်။

19. တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။

20. အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။

21. ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။

22. အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။

23. ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တဦးနှင့်တူ၏။

24. စာရင်းယူစဉ်တွင်၊ ငွေအခွက်တသိန်းကြွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 18