ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 15:35-39 Judson Bible (BJB)

35. ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။

36. မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူတော်ကိုချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။

37. လူအပေါင်းတို့သည် စား၍ဝကြပြီးမှ၊ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ ခုနှစ်တောင်း အပြည့် ရကြ၏။

38. စားသောသူအရေအတွက်ကား၊ မိန်းမနှင့်သူငယ် ကိုမဆိုဘဲ ယောက်ျားလေးထောင်ရှိသတည်း။

39. ထိုလူများတို့ကို လွှတ်တော်မူပြီးမှ၊ လှေစီး၍ မာဂဒါလကျေးလက်သို့ ရောက်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 15