ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 14:20-27 Judson Bible (BJB)

20. တပည့်တော်တို့သည်လည်းလူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည်စား၍ ဝကြပြီးမှ ကြွင်း ရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တင်းနှစ်တောင်းအပြည့်ရကြ၏။

21. စားသောသူအရေအတွက်ကား၊ မိန်းမနှင့်သူငယ်တို့ကိုမဆိုဘဲ၊ ယောက်ျားငါးထောင်မျှလောက် ရှိသတည်း။

22. ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကိုလှေစီးစေ၍ ကမ်းတဘက် သို့ အရင်ကူးစေတော်မူ၏။

23. စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှ ဆုတောင်းပဌာနပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန်ရောက်သောအခါ၊ တယောက်တည်းရှိနေတော်မူ၏။

24. လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာရ၏။

25. ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ ကြွတော်မူ၏။

26. ထိုသို့အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ် သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။

27. ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 14