ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 13:54-58 Judson Bible (BJB)

54. ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားစရပ်၌ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်းရှိကြသဖြင့်၊ ဤသူသည် ဤပညာကို၎င်း၊ ဤတန်ခိုးကို၎င်း အဘယ်မှာရသနည်း။

55. သူသည် လက်သမားသားမဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည်မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည် မဟုတ်လော။

56. သူ့နှမများတို့သည်လည်း ငါတို့နှင့်အနီးအပါးနေကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤ အရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက်၊

57. စေတနာစိတ်ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖတ်သည် မိမိမြို့၊ မိမိအိမ်မှတပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။

58. မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 13