ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 12:27-46 Judson Bible (BJB)

27. ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမှီပြု၍နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည်သင်တို့အား တရားစီရင်သောသူဖြစ်ကြလိမ့်မည်။

28. ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ် စင်စစ် သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်လေပြီ။

29. သူရဲကို ရှေ့ဦးစွာမချည်မနှောင်လျှင်၊ အဘယ်သူသည် သူရဲအိမ်သို့ဝင်၍ သူ၏ဥစ္စာကို လုယူနိုင် အံ့ နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။

30. ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။

31. ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေ ခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။

32. လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။

33. အသီးအားဖြင့် အပင်၏သဘောထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြ လော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။

34. အချင်းမြွေဆိုးအမျိုးတို့၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ပြောနိုင်မည်နည်း။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။

35. ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဘော် တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဘော်တတ်၏။

36. ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတံ့။ သင့်စကားများအားဖြင့် သင်သည်အပြစ်လွတ်လိမ့်မည်။

37. သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟု မိန့်တော်မူ၏။

38. ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော် မူသော နိမိတ်လက္ခဏာတစုံတခုကို မြင်ချင်ပါသည်ဟု လျှောက်ကြလျှင်၊

39. ကိုယ်တော်က ဆိုးညစ်၍မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။

40. ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာသုံးရက်နေရလတံ့။

41. တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောန ဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။

42. တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည်၊ ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။

43. ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည်၍ ငြိမ်ဝပ်ခြင်းကို ရှာတတ်၏။

44. မတွေ့လျှင် ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို၍၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ်၍ သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော်၊

45. မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကိုခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ဆိုး၏။ ဆိုးညစ်သောဤလူမျိုး၌ ထိုနည်းတူဖြစ်လတံ့ဟု မိန့်တော်မူ၏။

46. ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင်၊ မယ်တော်နှင့်ညီတော်တို့သည် နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 12