ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 7:1-6 Judson Bible (BJB)

1. ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန်လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။

2. အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင် တမန်တပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကိုညဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကိုအသံလွှင့်၍၊

3. ငါတို့ဘုရားသခင်၏ ကျွန်ုပ်တို့ကိုနဖူး၌ တံဆိပ်မခတ်မှီတိုင်အောင်၊ မြေ ၊ ပင်လယ် ၊ သစ်ပင်တို့ကို မညှင်းဆဲပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော်လေ၏။

4. တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေအတွက်ကို ငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးသီးသော အမျိုးအနွယ်ထဲက လူတသိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။

5. ယုဒအမျိုးထဲက တသောင်းနှစ်သောင်း၊ ရူဗင်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲက တသောင်းနှစ်ထောင်။

6. အာရှာအမျိုးထဲက တသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တသောင်းနှစ်ထောင်၊ မနာရှေ အမျိုးထဲက တသောင်းနှစ်ထောင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 7