ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 17:7-13 Judson Bible (BJB)

7. ကောင်းကင်တမန်ကလည်း၊ အဘယ်ကြောင့် အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသော အရာကို၎င်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကို၎င်း၊ ငါပြော မည်။

8. ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သောသားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။

9. ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဥာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား၊ မိန်းမထိုင်သော ထောင်ခုနစ်လုံး ဖြစ်၏။

10. ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီး၊ တပါးရှိသေး၏။ တပါးဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။

11. ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်း ဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။

12. ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင် ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ တချက်တည်း ရကြလိမ့်မည်။

13. ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 17