ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 13:1-3 Judson Bible (BJB)

1. ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌ လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။

2. ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည် လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း သားရဲ၌ အပ်ပေး၏။

3. သားရဲ၏ ခေါင်းတလုံးသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ်၍၊ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့ လိုက်၍ အံ့ဩကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 13