ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 1:17-20 Judson Bible (BJB)

17. ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။

18. အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ၏။

19. ထိုကြောင့်၊ သင်သည်မြင်ပြီးသော အရာတို့ကို၎င်း၊ ယခုရှိသော အရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်း ရေးထားလော့။

20. ငါ့လက်ျာလက်၌ ထင်ရှားသောကြယ်ခုနှစ်လုံးနှင့်ရွှေမီးခွက် ခုနှစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါးဖြစ်၏။ ကြယ်ခုနှစ်လုံးသည်လည်းထိုခုနှစ်ပါးသော အသင်းတော် တို့ကို အုပ်သောတမန်ဖြစ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 1