ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဖိ​လိပ္ပိ 4:7-10 Judson Bible (BJB)

7. ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။

8. ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။

9. သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။

10. ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဖိ​လိပ္ပိ 4