ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဖိ​လိပ္ပိ 3:19-21 Judson Bible (BJB)

19. ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဘွယ်သော အကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။

20. ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။

21. ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ် စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဖိ​လိပ္ပိ 3