ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဖိ​လိပ္ပိ 3:1-9 Judson Bible (BJB)

1. ကြွင်းသေးသော စကားဟူမူကား၊ ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိကြလော့။ အထပ် ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ။ သင်တို့မူကား လုံခြုံခြင်း ရှိကြလိမ့်မည်။

2. ခွေးတို့ကိုရှောင်ကြလော့။ မကောင်းသော အကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျား လှီးခြင်းကို ခံယောင်ဆောင်သော သူတို့ကို ရှောင်ကြလော့။

3. ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို ကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍၊ မှန်သောအရေဖျား လှီးခြင်းကို ခံသောသူဖြစ်ကြ၏။

4. သို့သော်လည်း ငါဖြစ်လျှင် ဇာတိ၌ကိုးစားစရာအကြောင်းရှိ၏။ အခြားသူမည်သည်ကား၊ ဇာတိ၌ ကိုးစားစရာ အကြောင်းရှိသည်ဟု ထင်လျှင်၊ ငါမူကား သာ၍ရှိ၏။

5. ငါသည်ရှစ်ရက်မြောက်သောနေ့၌ အရေဖျား လှီးခြင်းကို ခံရ၏။ ဣသရေလအမျိုး၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲဖြစ်၏။

6. စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညှင်းဆဲသောသူဖြစ်၏။ ပညတ်တရားအားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။

7. သို့သော်လည်းငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ်၏။

8. ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည်

9. အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဖိ​လိပ္ပိ 3