ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဖိ​လိပ္ပိ 2:25-30 Judson Bible (BJB)

25. သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဘော်၊ ငါ့ကိုပြုစုသော သူတည်း ဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။

26. အကြောင်းမူကား၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။

27. သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ့၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှါ၊ ငါ့ကိုလည်း သနားတော်မူ၏။

28. ထိုကြောင့် သင်တို့သည် သူ့ကိုတဖန် တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှါ၎င်း၊ ငါသည်လည်း သက်သာ ခြင်းငှါ၎င်း၊ သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။

29. သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့ သောသူတို့ကို ရိုသေလေးမြတ်ကြလော့။

30. အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှါ၊ ကိုယ်အသက်ကို စွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဖိ​လိပ္ပိ 2