ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တိ​တု 3:8-15 Judson Bible (BJB)

8. ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှါ သတိပြုရကြမည်အကြောင်း၊ သင်သည် ဤအရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှါ ငါအလိုရှိ၏။ ထိုအကျင့်တို့သည် ကောင်းသည်သာမက၊ လူတို့၏အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ၏။

9. မိုက်မဲသောပုစ္ဆာအမေးတို့ကို၎င်း၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို၎င်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကို၎င်း ရှောင်​ေလာ့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ၊ အချည်းနှီး သက်သက်ဖြစ်ကြ၏။

10. သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင်ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။

11. ထိုသို့သောသူသည် ကိုယ်အပြစ်ကို သိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သော စိတ်ရှိသောသူ ဖြစ်သတည်း။

12. အာတေမသော်၎င်း၊ တုခိတ်သော်၎င်း၊ သင့်ဆီသို့ ငါစေလွှတ်သောအခါ နိကောပလိမြို့တိုင်အောင် ငါ့ထံသို့လာခြင်းငှါကြိုးစားလော့။ ဆောင်းကာလပတ်လုံး ထိုမြို့၌ ငါနေမည်ဟုအကြံရှိ၏။

13. ကျမ်းဆရာဇေနနှင့်အာပေါလု၌အဘယ်အရာမျှမလိုစေခြင်းငှါကြိုးစား၍လမ်း၌ပို့လော့။

14. ငါတို့၏လူများသည်လည်းအသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာဘို့ရှိရမည်အကြောင်း၊ ကောင်းသော အကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သင်ကြစေ။

15. ငါ့ထံမှာရှိသောသူအပေါင်းတို့သည်သင့်ကို နှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွငါတို့ကို ချစ်သော သူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။တိတူဩဝါဒစာပြီး၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တိ​တု 3