ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 7:1-5 Judson Bible (BJB)

1. ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤစကားမှန်သလောဟု မေးသည်ရှိသော်၊

2. သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင်ကြပါလော့။ ငါတို့အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမှီ၊ မေသောပေါတာမိအရပ်၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော်မူသောဘုရားသခင်သည် ထင်ရှားတော်မူ၍၊

3. သင်နေသောပြည်နှင့်တကွ အမျိုးသားချင်း များထဲကထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့ဟု အာဗြဟံအားမိန့်တော်မူ၏။

4. ထိုအခါ အာဗြဟံ သည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏ အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ၏။

5. ဤပြည်၌ ခြေနင်းရာကိုမျှ အမွေပေးတော်မမူသော်လည်း၊ သူမှစ၍ သူ၏သားမြေးတို့အား ဤပြည်ကိုအပိုင်းပေးတော်မူမည်ဟု သားတယောက်မျှမရှိမှီ ဂတိထားတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 7