ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 23:4-8 Judson Bible (BJB)

4. အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကိုဆဲသလောဟု မေးလျှင်၊

5. ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။

6. ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။

7. ထိုအခါ ဖာရိရှဲတို့နှင့် ဖဒ္ဒုကဲတို့သည် အချင်း ချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက် လေ၏။

8. ကွဲပြားသည်အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ နံဝိညာဉ် မရှိဟုယူကြ၏။ ဖာရိရှဲတို့က၊ နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 23