ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 23:32-35 Judson Bible (BJB)

32. နက်ဖြန်နေ့၌မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။

33. မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏ စာကိုမြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။

34. မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး၍၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင်၊

35. သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 23