ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 2:11-20 Judson Bible (BJB)

11. ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။

12. ထိုလူအပေါင်းတို့သည် မိန်းမောတွေးတောသောစိတ်ရှိသည်နှင့်၊ ဤအမှုအရာသည်အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက်ပြောဆိုကြ၏။

13. လူအချို့တို့က၊ ဤသူတို့သည်ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။

14. ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သော အသံနှင့်ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့်ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကိုစေ့စေ့နာခံကြလော့။

15. ယခုအချိန်ကား နံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။

16. ဤအရာကား ပရောဖက်ယောလဟောဘူးသောအရာ ဖြစ်သတည်း။

17. ဟောဘူးအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကိုမြင်မက်ရကြလိမ့်မည်။

18. ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။

19. အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ်မြေကြီးပေါ်၌သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။

20. ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 2