ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 16:1-13 Judson Bible (BJB)

1. ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည်ရှိသော တပည့်တော်တယောက် ရှိ၏။ သူ၏အမိကား၊ ယုံကြည်သောယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။

2. ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင်အသရေရှိသောသူဖြစ်၏။

3. ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါအလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကိုထိုအရပ်တို့၌ ရှိသောယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။

4. သူတို့သည် မြို့များကို ရှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများကျင့်စောင်ဘို့ရာ အပ်ပေးကြ၏။

5. ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တနေ့ထက်တနေ့တိုးပွားများပြားကြ၏။

6. ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်သည်မြစ်တားတော်မူသဖြင့်၊

7. မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော်မူသောကြောင့်၊

8. မုသိပြည်အနားမှာ ရှောက်၍ တရောမြို့သို့ ရောက်ကြ၏။

9. ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန်၏။

10. ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။

11. ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက် ကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။

12. ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သောမြို့တည်းဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလ အတန်အရာနေကြ၏။

13. ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 16