ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 15:24-34 Judson Bible (BJB)

24. လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှ ထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရသည်ဖြစ်၍၊

25. ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကြောင့် မိမိ အသက်ကို စွန့်စားသောသူတည်းဟူသော၊

26. ငါတို့ချစ်သောဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သော သူတို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့် အညီ၊

27. ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ်ကြ၏။

28. ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊

29. လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့၏ အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြ ပါစေသောဟုရေး၍ ပေးလိုက်သတည်း။

30. ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍၊ လူအပေါင်းတို့ကို စုဝေးစေပြီးလျှင် မှာစာကိုအပ်ပေးကြ၏။

31. မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။

32. ယုဒနှင့် သိလတို့သည် ပရောဖက်ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်တို့ကို ဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏။

33. ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာပြန်စေခြင်းငှါ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။

34. သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 15