ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 12:1-6 Judson Bible (BJB)

1. ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့တို့ကို ညှဉ်းဆဲခြင်းငှါစီရင်၍၊

2. ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထားနှင့်ကွပ်မျက် လေ၏။

3. ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊

4. ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲ တကျိပ်ခြောက်ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။

5. ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။

6. ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန်တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 12