ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 1:1-8 Judson Bible (BJB)

1. အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊

2. အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။

3. အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။

4. ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။

5. ဂတိတော်အချက်ဟူမူကား၊ ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။

6. ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊

7. သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။

8. ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 1