ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 9:6-17 Common Language Bible (BCL)

6. ထို​နောက်​သူ​တို့​နှစ်​ယောက်​သည်​အိမ်​ထဲ​သို့​ဝင် သွား​ပြီး​လျှင် လူ​ငယ်​ပ​ရော​ဖက်​သည်​ယေ​ဟု ၏​ဦး​ခေါင်း​ပေါ်​သို့​သံ​လွင်​ဆီ​ကို​သွန်း​လောင်း ကာ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏။-

7. ငါ​၏​ပ​ရော​ဖက်​များ​နှင့်​အ​ခြား​အ​စေ​ခံ များ​ကို​သတ်​သည့်​အ​ပြစ်​အ​တွက် ယေ​ဇ​ဗေ​လ အား​ငါ​ဒဏ်​ခတ်​နိုင်​ရန်​သင်​သည် အာ​ဟပ်​၏ သား၊ သင့်​အ​ရှင်​ဘု​ရင်​မင်း​အား​လုပ်​ကြံ​ရ​မည်။-

8. အာ​ဟပ်​၏​မိ​သား​စု​နှင့်​သူ​၏​မြေး​အ​ပေါင်း တို့​သည်​သေ​ရ​ကြ​မည်။ သူ​၏​မိ​သား​စု​မှ ယောကျာ်း​မှန်​သ​မျှ​ကို​ကြီး​ငယ်​မ​ရွေး​ငါ ပယ်​ရှား​မည်။-

9. ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​ဗာ​ရှာ​တို့ ၏​အိမ်​ထောင်​စု​တို့​ကို ငါ​စီ​ရင်​ခဲ့​သည့်​နည်း​တူ အာ​ဟပ်​၏​အိမ်​ထောင်​စု​ကို​လည်း​ငါ​စီ​ရင်​မည်။-

10. ယေ​ဇ​ဗေ​လ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရ​လိမ့် မည်​မ​ဟုတ်။ သူ​၏​အ​လောင်း​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင် ခွေး​စာ​ဖြစ်​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။ ထို​နောက်​ပ​ရော​ဖက်​ငယ် သည်​အ​ခန်း​ထဲ​မှ​ထွက်​ပြေး​လေ​၏။

11. ယေ​ဟု​သည်​မိ​မိ​၏​အ​ဖော်​တပ်​မှူး​များ​ထံ သို့​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့​က``အ​စ​စ အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​၏​လော။ ထို​သူ​ရူး သည်​အ​ဘယ်​ကိစ္စ​နှင့်​သင့်​ထံ​သို့​လာ​ပါ သ​နည်း'' ဟု​မေး​ကြ​၏။ယေ​ဟု​က``သူ​၏​ကိစ္စ​ကို​သင်​တို့​သိ​ပါ​၏'' ဟု ဖြေ​၏။

12. ထို​သူ​တို့​က``ငါ​တို့​မ​သိ​ပါ။ သူ​ပြော​သည့် စ​ကား​ကို​ငါ​တို့​သိ​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။ယေ​ဟု​က``ထို​သူ​သည်​ငါ့​အား`သင့်​ကို​ဣ​သ ရေ​လ​ဘု​ရင်​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​ပြီ' ဟု​ပြော​ပါ​သည်'' ဟူ​၍​ပြန် ပြော​လေ​၏။

13. ချက်​ချင်း​ပင်​ယေ​ဟု​၏​အ​ဖော်​ဗိုလ်​မှူး​တို့​သည် လှေ​ကား​ထိပ်​ပေါ်​တွင်​ယေ​ဟု​နင်း​ရန် မိ​မိ​တို့​၏ ဝတ်​လုံ​များ​ကို​ဖြန့်​ခင်း​ပြီး​လျှင်​တံ​ပိုး​ခ​ရာ မှုတ်​၍``ယေ​ဟု​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု ကြွေး​ကြော်​ကြ​၏။

14-15. ထို​နောက်​ယေ​ဟု​သည်​ယော​ရံ​မင်း​အား​လုပ် ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ ထို​အ​ခါ မင်း​ကြီး​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​ရာ မုတ်​မြို့​တွင်​တိုက်​ပွဲ​ဖြစ်​ရာ​မှ ရ​ရှိ​ခဲ့​သည့် ဒဏ်​ရာ​များ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့ သို့​သွား​နှင့်​ပြီ။ သို့​ဖြစ်​၍​ယေ​ဟု​က​မိ​မိ ၏​အ​ဖော်​တပ်​မှူး​တို့​အား``သင်​တို့​သည်​ငါ ၏​ဘက်​တော်​သား​များ​ဖြစ်​ပါ​လျှင် ယေ​ဇ ရေ​လ​မြို့​သား​တို့​အား​ကြို​တင်​သ​တိ​ပေး ရန်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရာ​မုတ်​မြို့ မှ​မ​ထွက်​ပါ​စေ​နှင့်'' ဟု​ဆို​၏။-

16. ထို​နောက်​သူ​သည်​မိ​မိ​၏​စစ်​ရ​ထား​ပေါ်​သို့ တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​လေ သည်။ ယော​ရံ​၏​ဒဏ်​ရာ​များ​မ​ပျောက်​သေး သ​ဖြင့် ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​သည်​သူ့​ထံ​သို့ လာ​ရောက်​လည်​ပတ်​လျက်​ရှိ​၏။

17. ယေ​ဇ​ရေ​လ​မြို့​မျှော်​စင်​ပေါ်​တွင်​တာ​ဝန်​ကျ သော​ကင်း​စောင့်​သည် ယေ​ဟု​နှင့်​သူ​၏​လူ​စု တို့​ချဉ်း​ကပ်​လာ​နေ​သည်​ကို​မြင်​လျှင်``မြင်း စီး​သူ​လူ​အ​ချို့​လာ​နေ​သည်​ကို​မြင်​ပါ​သည်'' ဟု​ဟစ်​အော်​၏။ယော​ရံ​က``ထို​သူ​တို့​သည်​မိတ်​ဆွေ​များ​သို့ မ​ဟုတ်​ရန်​သူ​များ​ဖြစ်​သည်​ကို သိ​ရှိ​နိုင်​ရန် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို​စေ​လွှတ်​စုံ​စမ်း လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 9