ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 9:33-37 Common Language Bible (BCL)

33. ယေ​ဟု​က​သူ​တို့​အား``သူ့​ကို​တွန်း​ချ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ယေ​ဇ​ဗေ​လ ကို​တွန်း​ချ​ကြ​သ​ဖြင့် သွေး​စက်​သည်​နန်း တော်​နံ​ရံ​နှင့်​မြင်း​များ​အ​ပေါ်​သို့​စဉ်​၍​ကျ လေ​သည်။ ယေ​ဟု​သည်​ယေ​ဇ​ဗေ​လ​၏​အ​လောင်း ပေါ်​ဖြတ်​၍ မိ​မိ​၏​စစ်​ရ​ထား​ကို​မောင်း​နှင် ပြီး​လျှင်၊-

34. နန်း​တော်​သို့​ဝင်​၍​အ​စား​အ​စာ​စား​၏။ ထို နောက်​သူ​က``အ​မင်္ဂ​လာ​ခံ​ရ​သော​ထို​မိန်း​မ ကို​သင်္ဂြိုဟ်​ကြ​လော့။ မည်​သို့​ပင်​ဆို​စေ​ကာ​မူ သူ​သည်​မင်း​သ​မီး​ဖြစ်​သည်'' ဟု​ဆို​၏။-

35. သို့​ရာ​တွင်​သူ့​အား​သင်္ဂြိုဟ်​ရန်​သွား​ကြ​သော သူ​တို့​သည် သူ​၏​ဦး​ခွံ၊ လက်​ရိုး၊ ခြေ​ရိုး​မျှ​ကို သာ​တွေ့​ရှိ​ရ​ကြ​သ​ဖြင့်၊-

36. ယေ​ဟု​အား​အ​စီ​ရင်​ခံ​ကြ​၏။ ထို​အ​ခါ ယေ​ဟု​က``ယေ​ဇ​ဗေ​လ​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင်​ခွေး​စာ​ဖြစ်​လိမ့်​မည်။-

37. သူ​၏​အ​လောင်း​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​အောင် ထို​အ​ရပ်​တွင်​နောက်​ချေး​ကဲ့​သို့​ကြဲ​လျက်​နေ လိမ့်​မည်​ဟု ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ချက်​နှင့်​အ​ညီ​ဖြစ်​သည်'' ဟု​ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 9