ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 7:12-15 Common Language Bible (BCL)

12. ထို​အ​ချိန်​၌​မိုး​မ​လင်း​သေး​သော်​လည်း မင်း​ကြီး သည်​အိပ်​ယာ​မှ​ထ​၍​မှူး​မတ်​တို့​အား``ရှု​ရိ အ​မျိုး​သား​တို့​၏​ပ​ရိ​ယာယ်​ကို​ငါ​ပြော​မည်။ ဤ​မြို့​တွင်​ငါ​တို့​အ​စာ​ငတ်​လျက်​နေ​ကြ ကြောင်း​သိ​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​တပ် စ​ခန်း​မှ​ထွက်​ခွာ​၍​တပ်​ပုန်း​ချ​ထား​လေ​ပြီ။ မြို့​ပြင်​သို့​ငါ​တို့​ထွက်​၍​အ​စား​အ​စာ​ရှာ​ဖွေ ကြ​သော​အ​ခါ​မှ ငါ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကာ​မြို့​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။

13. အ​မတ်​တစ်​ဦး​က``ဤ​မြို့​ရှိ​လူ​တို့​သည်​သေ ဆုံး​သွား​ကြ​သူ​တို့​နည်း​တူ​သေ​ရ​ကြ​မည် ဖြစ်​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖြစ်​မှန်​ကို​သိ​ရှိ နိုင်​ရန် အ​ကျွန်ုပ်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော မြင်း​ငါး​ကောင်​နှင့်​လူ​အ​ချို့​ကို​စေ​လွှတ် တော်​မူ​ပါ'' ဟု​လျှောက်​၏။-

14. ထို့​နောက်​သူ​တို့​သည်​လူ​အ​ချို့​ကို​ရွေး​ချယ် ကြ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​ရှု​ရိ​တပ် မ​တော်​၏​ဖြစ်​ရပ်​ကို စုံ​စမ်း​ရန်​စစ်​ရ​ထား​နှစ် စီး​နှင့်​စေ​လွှတ်​တော်​မူ​၏။-

15. သူ​တို့​သည်​ယော်​ဒန်​မြစ်​တိုင်​အောင်​သွား​ရောက် ကြ​ရာ ရှု​ရိ​အ​မျိုး​သား​တို့​ထွက်​ပြေး​စဉ်​အ​ခါ က စွန့်​ထား​ခဲ့​သည့်​အ​ဝတ်​အ​စား​များ​နှင့်​လက် နက်​ပစ္စည်း​များ​ကို လမ်း​တစ်​လျှောက်​လုံး​တွင်​တွေ့ မြင်​ရ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး ထံ​ပြန်​၍​အ​စီ​ရင်​ခံ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 7