ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 25:3-22 Common Language Bible (BCL)

3. ထို​နှစ်​စ​တုတ္ထ​လ​ကိုး​ရက်​နေ့​၌​အ​စာ​ရေ​စာ လွန်​စွာ​ခေါင်း​ပါး​မှု​ကြောင့် မြို့​သူ​မြို့​သား​တို့ တွင်​စား​စ​ရာ​အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-

4. ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-

5. သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့​သည် ဇေ​ဒ​ကိ​မင်း​ကို​လိုက်​၍​ဖမ်း​ကြ​ရာ ယေ​ရိ​ခေါ မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ​လေ​သည်။ ဇေ​ဒ​ကိ ၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​ကား​မိ​မိ​တို့ အ​ရှင်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။-

6. ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​အား​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ ရာ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ထို​အ​ရပ်​၌​ပင်​စီ​ရင် ချက်​ချ​မှတ်​လေ​သည်။-

7. ဇေ​ဒ​ကိ​၏​သား​များ​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ကွပ်​မျက်​ပြီး​လျှင် ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို ဖောက်​၍​သူ့​အား​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင် ကာ​ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး​သွား​လေ သည်။

8. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်၊ ပဉ္စ​မ​လ၊ ခု​နစ်​ရက်​နေ့​၌​မင်း​ကြီး ၏​အ​တိုင်​ပင်​ခံ​ဖြစ်​သူ​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​၍၊-

9. ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ အ​ရေး​ပါ​အ​ရာ​ရောက်​သူ​အ​ပေါင်း​တို့​၏​နေ အိမ်​များ​ကို​မီး​ရှို့​လေ​သည်။-

10. သူ​၏​တပ်​သား​တို့​သည်​မြို့​ရိုး​ကို​ဖြို​ချကြ​၏။-

11. ထို​နောက်​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန် ရှိ​နေ​သေး​သူ​များ၊ ကြွင်း​ကျန်​သော​အ​တတ် ပ​ညာ​သည်​များ​နှင့် ဗာ​ဗု​လုန်​ဘု​ရင်​ဘက်​သို့ ကူး​ဝင်​လာ​သူ​များ​အား​ဗာ​ဗု​လုန်​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၏။-

12. သို့​ရာ​တွင်​ဆင်း​ရဲ​သား​အ​ချို့​တို့​ကို​မူ​ယု​ဒ ပြည်​တွင် စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ တွင်​အ​လုပ်​လုပ်​စေ​ရန်​ထား​ခဲ့​လေ​သည်။

13. ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော်​ရှိ ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​လှည်း​များ၊ ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန်​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား​ကြ​၏။-

14. သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက်​အ​သုံး ပြု​သည့် တူ​ရွင်း​ပြား​များ၊ ပြာ​ခွက်​များ​မီး​ခွက် များ​ကို​တိုက်​ချွတ်​ပြင်​ဆင်​ရာ​၌​အ​သုံး​ပြု​သည့် တန်​ဆာ​ပ​လာ​များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖ​လား များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့် အ​ခြား​ကြေး​ဝါ​ပစ္စည်း​အ​သုံး​အ​ဆောင် များ​ကို​လည်း​ယူ​ဆောင်​သွား​ကြ​၏။-

15. သူ​တို့​သည်​မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​၌ အ​သုံး​ပြု​သည့် ခွက်​ငယ်​က​လေး​များ​နှင့်​အိုး ကင်း​များ​အ​ပါ​အ​ဝင်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ယူ​ဆောင် သွား​ကြ​သည်။-

16. ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု​လုပ်​ခဲ့ သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့်​တိုင်​ကြီး​နှစ်​လုံး၊ လှည်း​များ​နှင့်​ရေ​စည်​ကြီး​တို့​သည်​ချိန်​တွယ်​၍ မ​ရ​အောင်​ပင်​လေး​လံ​ပေ​သည်။-

17. ထို​တိုင်​ကြီး​နှစ်​လုံး​မှာ​ဆင်​တူ​ဖြစ်​၍​တစ်​တိုင် လျှင် နှစ်​ဆယ့်​ခု​နစ်​ပေ​မြင့်​လေ​သည်။ ယင်း​တို့ ကို​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​ထိပ်​အုပ် များ​တပ်​ဆင်​ထား​၏။ ထို​တိုင်​ထိပ်​အုပ်​တို့​၏​ပတ် လည်​တွင် ကြေး​ဝါ​ကွန်​ရွက်​နှင့်​ကြေးဝါ​သ​လဲ သီး​များ​ဖြင့်​ချယ်​လှယ်​၍​ထား​သ​တည်း။

18. ထို့​အ​ပြင်​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ် ပု​ရော​ဟိတ်​မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက် ဇေ​ဖ​နိ​နှင့်​အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန် တော်​အ​ရာ​ရှိ​သုံး​ဦး​တို့​ကို​လည်း​ကောင်း၊-

19. ယု​ဒ​တပ်​မှူး​ဟောင်း၊ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ အ​မတ်​ငါး​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း​လက် ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး​ပါ​အရာ ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို​လည်း​ကောင်း ယေ​ရု​ရှ​လင်​မြို့​မှ​ဖမ်း​ဆီး​၍၊-

20-21. ဗာ​ဗု​လုန်​ဘု​ရင်​ရှိ​ရာ​ဟာ​မတ်​ပြည်​ရိ​ဗ​လ မြို့​သို့​ခေါ်​ဆောင်​သွား​ရာ​မင်း​ကြီး​သည် ထို​မြို့ တွင်​သူ​တို့​အား​ဒဏ်​ပေး​ပြီး​မှ​ကွပ်​မျက်​လိုက်​၏။ သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​တို့​သည်​တိုင်း​တစ်​ပါး သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ကြ​လေ​သ​တည်း။

22. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 25