17. ထိုတိုင်ကြီးနှစ်လုံးမှာဆင်တူဖြစ်၍တစ်တိုင် လျှင် နှစ်ဆယ့်ခုနစ်ပေမြင့်လေသည်။ ယင်းတို့ ကိုအမြင့်လေးပေခွဲရှိကြေးဝါတိုင်ထိပ်အုပ် များတပ်ဆင်ထား၏။ ထိုတိုင်ထိပ်အုပ်တို့၏ပတ် လည်တွင် ကြေးဝါကွန်ရွက်နှင့်ကြေးဝါသလဲ သီးများဖြင့်ချယ်လှယ်၍ထားသတည်း။
18. ထို့အပြင်တပ်မှူးနေဗုဇာရဒန်သည် ယဇ် ပုရောဟိတ်မင်းစရာယ၊ သူ၏လက်ထောက် ဇေဖနိနှင့်အခြားအရေးကြီးသည့် ဗိမာန် တော်အရာရှိသုံးဦးတို့ကိုလည်းကောင်း၊-
19. ယုဒတပ်မှူးဟောင်း၊ မင်းကြီး၏အတိုင်ပင်ခံ အမတ်ငါးဦး၊ တပ်မတော်မှတ်တမ်းထိန်းလက် ထောက်တပ်မှူးနှင့်အခြားအရေးပါအရာ ရောက်သူလူခြောက်ဆယ်တို့ကိုလည်းကောင်း ယေရုရှလင်မြို့မှဖမ်းဆီး၍၊-
20-21. ဗာဗုလုန်ဘုရင်ရှိရာဟာမတ်ပြည်ရိဗလ မြို့သို့ခေါ်ဆောင်သွားရာမင်းကြီးသည် ထိုမြို့ တွင်သူတို့အားဒဏ်ပေးပြီးမှကွပ်မျက်လိုက်၏။ သို့ဖြစ်၍ယုဒပြည်သူတို့သည်တိုင်းတစ်ပါး သို့ပြည်နှင်ဒဏ်ခံရကြလေသတည်း။
22. ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ရှာဖန် ၏မြေး၊ အဟိကံ၏သား၊ ဂေဒလိအားယုဒ ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် ပြည်သို့ဖမ်းသွားခြင်းမခံရကြသူတို့ အားအုပ်ချုပ်စေ၏။-
23. ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-
24. ဂေဒလိကသူတို့အား``သင်တို့သည်ဗာဗုလုန် အရာရှိတို့အား ကြောက်ရွံ့စရာမလိုကြောင်း ငါကတိပြု၏။ ဤပြည်တွင်နေထိုင်၍ဗာဗုလုန် ဘုရင်၏အမှုတော်ကိုထမ်းဆောင်ကြပါလျှင် သင်တို့ချမ်းသာရလိမ့်မည်'' ဟုပြော၏။
25. သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။-
26. ထိုအခါဗာဗုလုန်အမျိုးသားတို့ကိုကြောက် သောကြောင့် ဆင်းရဲချမ်းသာသူဣသရေလအမျိုး သားအပေါင်းတို့သည် တပ်မတော်အရာရှိများ နှင့်အတူအီဂျစ်ပြည်သို့ထွက်ပြေးကြ၏။
27. ဗာဗုလုန်ဘုရင်ဧဝိလမေရောဒက်သည်မိမိ နန်းတက်တော်မူသောနှစ်၌ ယုဒဘုရင်ယေခေါ နိအားအကျဉ်းထောင်မှလွှတ်သောအားဖြင့် ကရုဏာပြတော်မူ၏။ ယေခေါနိအကျဉ်း ကျပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်ဒွါ ဒသမလနှစ်ဆယ့်ခုနစ်ရက်နေ့၌ဤသို့ ဖြစ်ပျက်သတည်း။-
28. ဧဝိလမေရောဒက်သည်ယေခေါနိအားကြင်နာ စွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင်ပြည်နှင်ဒဏ်သင့် လျက်နေသော အခြားဘုရင်များထက်ပို၍ချီး မြှင့်မြှောက်စားတော်မူ၏။-
29. သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များကိုလဲ ခွင့်ရလျက် မိမိအသက်ရှည်သမျှကာလပတ် လုံးမင်းကြီးနှင့်အတူပွဲတော်တည်ခွင့်ကိုရရှိ လေသည်။-
30. မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်နေ့စဉ်မှန်မှန် အသုံးစရိတ်ကိုလည်း တစ်သက်လုံးရရှိ၏။ ဋ္ဌမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။