ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 25:1-8 Common Language Bible (BCL)

1. ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ပုန်​ကန်​သ​ဖြင့် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏ တပ်​မ​တော်​နှင့်​လာ​ရောက်​၍ ဇေ​ဒ​ကိ​၏​နန်း​စံ ကိုး​နှစ်၊ ဆယ်​လ​နှင့်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​လေ​သည်။ သူ​သည်​မြို့​ပြင်​၌ တပ်​စ​ခန်း​ချ​ပြီး​လျှင် မြို့​ပတ်​လည်​တွင်​မြေ က​တုတ်​များ​ကို​ဖို့​လုပ်​၏။-

2. ထို​နောက်​ဇေ​ဒ​ကိ​၏​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ် မြောက်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​၏။-

3. ထို​နှစ်​စ​တုတ္ထ​လ​ကိုး​ရက်​နေ့​၌​အ​စာ​ရေ​စာ လွန်​စွာ​ခေါင်း​ပါး​မှု​ကြောင့် မြို့​သူ​မြို့​သား​တို့ တွင်​စား​စ​ရာ​အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-

4. ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-

5. သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့​သည် ဇေ​ဒ​ကိ​မင်း​ကို​လိုက်​၍​ဖမ်း​ကြ​ရာ ယေ​ရိ​ခေါ မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ​လေ​သည်။ ဇေ​ဒ​ကိ ၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​ကား​မိ​မိ​တို့ အ​ရှင်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။-

6. ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​အား​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ ရာ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ထို​အ​ရပ်​၌​ပင်​စီ​ရင် ချက်​ချ​မှတ်​လေ​သည်။-

7. ဇေ​ဒ​ကိ​၏​သား​များ​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ကွပ်​မျက်​ပြီး​လျှင် ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို ဖောက်​၍​သူ့​အား​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင် ကာ​ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး​သွား​လေ သည်။

8. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်၊ ပဉ္စ​မ​လ၊ ခု​နစ်​ရက်​နေ့​၌​မင်း​ကြီး ၏​အ​တိုင်​ပင်​ခံ​ဖြစ်​သူ​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​၍၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 25