ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 23:7-15 Common Language Bible (BCL)

7. ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)

8. မင်း​ကြီး​သည်​ယု​ဒ​မြို့​များ​မှ​ယဇ်​ပု​ရော ဟိတ်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ပြီး​လျှင် တစ်​ပြည်​လုံး​ရှိ​ထို​သူ​တို့​ယဇ်​ပူ ဇော်​ခဲ့​သော​ပလ္လင်​များ​ကို​ညစ်​ညမ်း​စေ​တော် မူ​၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ​မြို့​တံ​ခါး​မ ကြီး​၏​လက်​ဝဲ​ဘက်​တွင်​မြို့​ဝန်​ယော​ရှု​တည် ဆောက်​ထား​သည့်​တံ​ခါး​အ​နီး ဆိတ်​နတ်​မိစ္ဆာ တို့​အား​ဆက်​ကပ်​ထား​သော​ယဇ်​ပလ္လင်​များ ကို​လည်း​ဖြို​ဖျက်​တော်​မူ​၏။-

9. အ​ဆို​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန် တော်​တွင် အ​မှု​တော်​ဆောင်​ခွင့်​မ​ရ​ကြ​သော် လည်း မိ​မိ​တို့​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​ရ ရှိ​ကြ​သည့်​တ​ဆေး​မဲ့​မုန့်​ကို​မူ​စား​ခွင့်​ရ ကြ​၏။

10. နောက်​တစ်​ဖန်​မည်​သူ​မျှ​မော​လုတ်​ဘု​ရား အား သား​သ​မီး​ကို​မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​စေ​ရန် ယော​ရှိ​မင်း​သည်​ဟိန္နုံ​ချိုင့်​ဝှမ်း​ရှိ​ရုပ်​တု​ကိုး ကွယ်​ရာ​တော​ဖက်​ဟု​ခေါ်​သော​အ​ရပ်​ကို လည်း​ညစ်​ညမ်း​စေ​တော်​မူ​၏။-

11. သူ​သည်​နေ​ကို​ဆက်​ကပ်​ပူ​ဇော်​ရန်​ယု​ဒ​ဘု​ရင် တို့​ပေး​လှူ​ထား​သည့်​မြင်း​တို့​ကို​ဖယ်​ရှား​၍ ဝတ် ပြု​ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ရ​ထား​များ ကို​လည်း​မီး​ရှို့​တော်​မူ​၏။ (ဤ​အ​ရာ​များ​ကို အ​ထက်​တန်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​သူ​နာ​သမ္မေ လက်​၏​အိမ်​အ​နီး​ဗိ​မာန်​တော်​ဝင်း​အ​ဝင်​ဝ တွင်​ထား​ရှိ​သည်။-)

12. အာ​ခတ်​မင်း​စံ​ခဲ့​သည့်​အ​ဆောင်​တော်​အ​ထက် ရှိ​နန်း​တော်​အ​မိုး​ပေါ်​တွင်​ယု​ဒ​ဘု​ရင်​တို့ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​ဝင်း​နှစ်​ခု​အ​တွင်း​မ​နာ​ရှေ မင်း​ဆောက်​လုပ်​ခဲ့​သော ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း​ယော​ရှိ​မင်း​သည်​ဖြို​ဖျက်​၍​ကြေ​မွ အောင်​ဖျက်​ဆီး​ပြီး​လျှင် ကေဒြုန်​ချိုင့်​ဝှမ်း ထဲ​သို့​ပစ်​ချ​လိုက်​လေ​သည်။-

13. ယော​ရှိ​သည်​ယေ​ရု​ရှ​လင်​မြို့​၏​အ​ရှေ့၊ သံ လွင်​တောင်​၏​တောင်​ဘက်​၌​ဇိ​ဒုန်​ဘု​ရား​အာ​ရှ တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့်​အမ္မုန်​ဘု​ရား မော​လုတ်​တို့​ကို​ကိုး​ကွယ်​ရန် ရှော​လ​မုန်​မင်း​ကြီး တည်​ဆောက်​ခဲ့​သော​ယဇ်​ပလ္လင်​များ​ကို​လည်း ညစ်​ညမ်း​စေ​တော်​မူ​၏။-

14. ယော​ရှိ​မင်း​သည်​ကျောက်​တိုင်​များ​ကို​ဖြို​ဖျက် ၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ခုတ်​လှဲ​ကာ ယင်း​တို့​တည်​ရာ​ဌာ​န​များ​တို့​ကို လူ​သေ​အ​ရိုး​တို့​နှင့်​ပြည့်​စေ​လေ​၏။-

15. သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ် ကူး​လွန်​ရန် ရှေ့​ဆောင်​လမ်း​ပြ​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​မင်း​တည်​ဆောက်​ခဲ့​သည့်​ဗေ​သ​လ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​ကို​လည်း​ဖြို​ဖျက်​လေ သည်။ ယော​ရှိ​သည်​ယဇ်​ပလ္လင်​ကို​ဖြို​ချ​ပြီး​လျှင် အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား​သော တံ​ခွန်​တိုင်​ကို​မီး​ရှို့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 23