ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 23:26-37 Common Language Bible (BCL)

26. သို့​သော်​မ​နာ​ရှေ​မင်း​ပြု​ခဲ့​သည့်​အ​ပြစ်​များ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​ရာ​ယ​ခု​တိုင် အောင်​ပင်​အ​မျက်​တော်​မ​ပြေ​ချေ။-

27. ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣသ​ရေ​လ​ပြည်​ကို ပြု​သ​ကဲ့​သို့ ယု​ဒ​ပြည်​ကို​လည်း​ပြု​မည်။ ယု​ဒ ပြည်​သူ​တို့​ကို ငါ​၏​မျက်​မှောက်​တော်​မှ​နှင်​ထုတ် မည်။ ငါ​ရွေး​ချယ်​ထား​သည့်​ယေရု​ရှ​လင်​မြို့​နှင့် ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာ​န​အ​ဖြစ် ငါ​သတ်​မှတ်​ပေး​သော​ဗိ​မာန်​တော်​ကို​ပင်​ငါ စွန့်​ခွာ​မည်'' ဟု​မိန့်​တော်​မူ​၏။

28. ယော​ရှိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-

29. ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-

30. သူ​၏​အရာ​ရှိ​များ​သည်​မင်း​ကြီး​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တွင်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​ပြီး​လျှင်​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ယုဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏ သား​တော်​ယော​ခတ်​ကို​ရွေး​ချယ်​ကာ​ဘိ​သိက် ပေး​၍​မင်း​မြှောက်​ကြ​လေ​သည်။

31. ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏ သ​မီး​ဟာ​မု​တာ​လ​ဖြစ်​၏။-

32. ထို​မင်း​သည်​မိ​မိ​ဘိုး​ဘေး​တော်​တို့​၏​လမ်း​စဉ် ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၏။-

33. အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​အား​ဟာ​မတ် ပြည်​ရိ​ဗ​လ​မြို့​၌​အ​ကျဉ်း​ချ​ထား​ပြီး​လျှင် ယု​ဒ​ပြည်​မှ​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ်​ထောင့် ငါး​ရာ​နှင့်​ရွှေ​အ​လေး​ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင် ကို အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​တောင်း​လေ​၏။ ထို​အ​ခါ မှ​စ​၍​ယော​ခတ်​၏​နန်း​သက်​မှာ​ကုန်​ဆုံး​သွား တော့​၏။-

34. နေ​ခေါ​မင်း​သည်​ယော​ရှ​၏​သား​တော်​ဧ​လျာ​ကိမ် အား ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး​၍ ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​၌​နန်း​တင်​လေ သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​၏။ ယော​ခတ်​သည်​ထို​ပြည်​၌​ပင်​ကွယ်​လွန် လေ​သည်။

35. ယော​ယ​ကိမ်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​တောင်း​ခံ သည့်​အ​ခွန်​ဘဏ္ဍာ​ကို​ဆက်​သ​နိုင်​ရန် ပြည်​သူ တို့​ထံ​မှ​ဋ္ဌ​န​အင်​အား​အ​လိုက်​အ​ချိုး​ကျ အ​ခွန်​တော်​ကို​ကောက်​ခံ​လေ​သည်။

36. ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရုမ​မြို့​သား ပေ​ဒဲ​ယ​၏​သမီး​ဇေ​ဗု​ဒ​ဖြစ်​၏။-

37. ယော​ယ​ကိမ်​သည်​ဘေး​တော်​ဘိုး​တော်​တို့​၏ လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​အား​ပြစ် မှား​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 23