ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 23:19-33 Common Language Bible (BCL)

19. ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​ပြည်​အ​မြို့​မြို့ အ​ရွာ​ရွာ​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​တော်​မူ​၏။ ထို​ဌာ​န​များ​ကို​တည်​ဆောက် ခြင်း​အား​ဖြင့် ဣသ​ရေ​လ​ဘု​ရင်​တို့​သည်​ထာ​ဝရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ သ​တည်း။ ယော​ရှိ​သည်​ဗေ​သ​လ​မြို့​တွင်​ပြု တော်​မူ​သ​ကဲ့​သို့ ထို​ယဇ်​ပလ္လင်​အ​ပေါင်း​တို့ ကို​လည်း​ပြု​တော်​မူ​၏။-

20. သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် အ​မှု​ထမ်း​သော​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့ ကို မိ​မိ​တို့​ယဇ်​ပူ​ဇော်​သည့်​ပလ္လင်​များ​ပေါ်​တွင် တင်​၍​သတ်​ပြီး​လျှင် လူ​သေ​အရိုး​တို့​ကို​ထို ပလ္လင်​များ​အ​ပေါ်​တွင်​မီး​ရှို့​လေ​သည်။ ထို​နောက် မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။

21. ယော​ရှိ​မင်း​သည်​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​တော်​တွင် ပါ​ရှိ​သည့်​အ​တိုင်း လူ​တို့​အား​မိ​မိ​တို့​ဘု​ရား သခင်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သည့်​ပ​သ​ခါ​ပွဲ​ကျင်း​ပ​ကြ​ရန်​အ​မိန့်​ပေး တော်​မူ​၏။-

22. ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ခဲ့​သော​တ​ရား​သူ ကြီး​များ​၏​လက်​ထက်​မှ​စ​၍ အ​ဘယ်​ဣ​သ​ရေ​လ ဘု​ရင်​သို့​မ​ဟုတ်​ယုဒ​ဘု​ရင်​မျှ ဤ​ပ​သ​ခါ​ပွဲ မျိုး​ကို​ကျင်း​ပ​ခဲ့​ဖူး​သည်​မ​ရှိ။-

23. ယ​ခု​ယော​ရှိ​၏​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ ယေ​ရု​ရှ​လင်​မြို့​တွင်​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ ခြင်း​ဖြစ်​သ​တည်း။

24. ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​တွင် ယဇ်​ပု​ရော​ဟိတ် မင်း​တွေ့​ရှိ​ခဲ့​သည့်​ကျမ်း​စာ​တော်​၌​ဖော်​ပြ​ထား သော​ပ​ညတ်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​တစ်​ပြည်​လုံး​၌​တွေ့ ရှိ​သ​မျှ​နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ၊ အိမ်​စောင့်​နတ်​အ​ရုပ်​များ၊ ရုပ်​တု​များ​နှင့် အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဝတ္ထု​ပစ္စည်း​များ ကို​ဖယ်​ရှား​တော်​မူ​၏။-

25. ယ​ခင်​အ​ခါ​များ​က​ယော​ရှိ​ကဲ့​သို့​မော​ရှေ ၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​၍ စိတ်​စွမ်း၊ ဉာဏ်​စွမ်း၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ ဘု​ရား​အား ကိုး​ကွယ်​သည့်​ဘု​ရင်​တစ်​ပါး​မျှ မ​ပေါ်​စ​ဖူး။ သူ​၏​နောက်​၌​လည်း​မ​ပေါ်​ခဲ့ ချေ။-

26. သို့​သော်​မ​နာ​ရှေ​မင်း​ပြု​ခဲ့​သည့်​အ​ပြစ်​များ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​ရာ​ယ​ခု​တိုင် အောင်​ပင်​အ​မျက်​တော်​မ​ပြေ​ချေ။-

27. ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣသ​ရေ​လ​ပြည်​ကို ပြု​သ​ကဲ့​သို့ ယု​ဒ​ပြည်​ကို​လည်း​ပြု​မည်။ ယု​ဒ ပြည်​သူ​တို့​ကို ငါ​၏​မျက်​မှောက်​တော်​မှ​နှင်​ထုတ် မည်။ ငါ​ရွေး​ချယ်​ထား​သည့်​ယေရု​ရှ​လင်​မြို့​နှင့် ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာ​န​အ​ဖြစ် ငါ​သတ်​မှတ်​ပေး​သော​ဗိ​မာန်​တော်​ကို​ပင်​ငါ စွန့်​ခွာ​မည်'' ဟု​မိန့်​တော်​မူ​၏။

28. ယော​ရှိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-

29. ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-

30. သူ​၏​အရာ​ရှိ​များ​သည်​မင်း​ကြီး​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တွင်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​ပြီး​လျှင်​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ယုဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏ သား​တော်​ယော​ခတ်​ကို​ရွေး​ချယ်​ကာ​ဘိ​သိက် ပေး​၍​မင်း​မြှောက်​ကြ​လေ​သည်။

31. ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏ သ​မီး​ဟာ​မု​တာ​လ​ဖြစ်​၏။-

32. ထို​မင်း​သည်​မိ​မိ​ဘိုး​ဘေး​တော်​တို့​၏​လမ်း​စဉ် ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၏။-

33. အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​အား​ဟာ​မတ် ပြည်​ရိ​ဗ​လ​မြို့​၌​အ​ကျဉ်း​ချ​ထား​ပြီး​လျှင် ယု​ဒ​ပြည်​မှ​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ်​ထောင့် ငါး​ရာ​နှင့်​ရွှေ​အ​လေး​ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင် ကို အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​တောင်း​လေ​၏။ ထို​အ​ခါ မှ​စ​၍​ယော​ခတ်​၏​နန်း​သက်​မှာ​ကုန်​ဆုံး​သွား တော့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 23