ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 20:16-17-20 Common Language Bible (BCL)

16-17. ထို​အ​ခါ​ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင့် နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး​ဘေး​တို့​စု ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့​ဆောင်​ယူ​သွား ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ​လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​ကျန်​ရစ် လိမ့်​မည်​မ​ဟုတ်။-

18. အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့​သည် လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင်​၏​နန်း တော်​တွင် မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့် ဆို​လေ​သည်။

19. ဟေ​ဇ​ကိ​မင်း​သည်​မိ​မိ​၏​လက်​ထက်​၌ ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့် မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ်​ကောက်​ယူ​ကာ``ငါ့​အား ဆင့်​ဆို​သည့်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ် တော်​သည်​ကောင်း​ပေ​၏'' ဟု​ဆို​၏။

20. ဟေ​ဇ​ကိ​မင်း​၏​လက်​ရုံး​ရည်၊ ရေ​လှောင်​ကန် ဆောက်​လုပ်​ခြင်း၊ မြို့​တွင်း​သို့​ရေ​သွင်း​ပြွန်​သွယ် ခြင်း​အ​ပါ​အ​ဝင် သူ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား အမှု​အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 20