ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 20:1-5 Common Language Bible (BCL)

1. ထို​အ​ချိန်​ကာ​လ​၌​ပင်​ဟေ​ဇ​ကိ​မင်း​သည် သေ​လု​မ​တတ်​ဖျား​နာ​၏။ အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် မင်း​ကြီး​ကို​လာ ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည်​ပြန်​လည် ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ​ဖြင့် အ​ရှင် နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့​ကို​မှာ​ကြား ခဲ့​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ သို့ ဖြစ်​၍​သေ​ရန်​အ​သင့်​ပြင်​ပါ​လော့'' ဟု​ဆင့် ဆို​၏။

2. ဟေ​ဇ​ကိ​သည် နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့်​လျက်၊-

3. ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​အ​မှု​တော်​ကို​သစ္စာ​နှင့်​ဆောင်​ရွက်​လျက် ကိုယ် တော်​ပြု​စေ​လို​သည်​အ​တိုင်း​ပြု​သည်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​ပြီး​လျှင်​အ​လွန် ငို​ကြွေး​လေ​၏။

4. ဟေ​ရှာ​ယ​သည်​မင်း​ကြီး​ထံ​မှ​ထွက်​ခွာ​သွား ရာ နန်း​တော်​အ​လယ်​ဝင်း​ကို​မ​ဖြတ်​မီ​ဟေ ရှာ​ယ​ထံ​သို့၊-

5. ``ငါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ကို အ​စိုး ရ​သူ​ဟေ​ဇ​ကိ​မင်း​ထံ​သို့​ပြန်​သွား​၍`သင်​၏ ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​၏​ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည်​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည် သင်​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​မည် ဖြစ်​၍ သင်​သည်​သုံး​ရက်​ကြာ​သော်​ဗိ​မာန် တော်​သို့​သွား​နိုင်​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 20