ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 2:1-12 Common Language Bible (BCL)

1. ဧ​လိ​ယ​အား​လေ​ပွေ​ဖြင့် ကောင်း​ကင်​ဘုံ​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​ယူ​တော်​မူ​ရန်​အ​ချိန် ကျ​ရောက်​လာ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ၊-

2. လမ်း​တွင်​ဧ​လိ​ယ​က``ဤ​တွင်​နေ​ရစ်​ပါ​လော့။ ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ဗေ​သ​လ​မြို့ သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဧ​လိ​ရှဲ​အား ပြော​၏။သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် ခွဲ​ခွာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ်​ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​နှစ်​ဦး​သည်​ဗေ​သ​လ​မြို့ သို့​ဆက်​၍​သွား​ကြ​၏။

3. ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ကိုယ်​တော်​၏​သ​ခင် ကို​ကိုယ်​တော့်​ထံ​မှ ယ​နေ့​ထာ​ဝရ​ဘု​ရား​ရုပ် သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု​မေး ကြ​၏။ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော'' ဟု​ပြန်​၍​ဖြေ​ကြား​၏။

4. ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​အ​ရပ် တွင်​နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယေ​ရိ​ခေါ​မြို့​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဆို​၏။သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် ခွဲ​ခွာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ်​ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား ကြ​၏။

5. ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ထာ​ဝရ​ဘု​ရား​သည် ကိုယ်​တော်​၏​သ​ခင်​ကို​ကိုယ်​တော်​ထံ​မှ ယ​နေ့ ရုပ်​သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု မေး​ကြ​၏။ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော့'' ဟု​ပြန်​၍​ဖြေ​ကြား​၏။

6. ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​တွင် နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယော်​ဒန်​မြစ်​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု ဆို​၏။သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​ခွဲ​ခွာ​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ် ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ သို့​ဖြစ်​၍ သူ​တို့​သည်​ဆက်​လက်​ထွက်​ခွာ​သွား​ကြ​၏။-

7. ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ထိ လိုက်​သွား​ကြ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​တို့​သည် မြစ်​အ​နီး​တွင်​ရပ်​တန့်​ကြ​သော​အ​ခါ ပ​ရော ဖက်​ငါး​ကျိပ်​တို့​သည်​မ​လှမ်း​မ​ကမ်း​တွင်​ရပ် လျက်​နေ​ကြ​၏။-

8. ထို​နောက်​ဧ​လိ​ယ​သည်​မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ် ၍​လိပ်​ပြီး​လျှင် ရေ​ကို​ရိုက်​လေ​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​၍​သွား​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ မြစ်​တစ်​ဘက်​သို့​ကူး​ကြ​၏။-

9. ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ​ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​အား``သင်​နှင့်​မ​ခွဲ​မ​ခွာ​ရ​မီ​ငါ့​ထံ ဆု​တစ်​ခု​ကို​တောင်း​လော့'' ဟု​ပြော​၏။ဧ​လိ​ရှဲ​က``အ​ရှင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ နိုင်​ရန် သား​ဦး​ရ​သင့်​ရ​ထိုက်​သော​အ​ရှင်​၏ တန်​ခိုး​ဝေ​စု ကို အ​ကျွန်ုပ်​အား​ပေး​တော်​မူ​ပါ'' ဟု​တောင်း လေ​၏။

10. ဧ​လိ​ယ​က``သင်​တောင်း​သော​ဆု​ကို​ပေး​ရန် မလွယ်​ကူ​ပါ။ သို့​ရာ​တွင်​သင်​သည်​ငါ့​အား​ဆောင် ယူ​သွား​သည်​ကို​တွေ့​မြင်​ရ​ပါ​လျှင် သင်​တောင်း သော​ဆု​ကို​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​မ​တွေ့ မ​မြင်​ရ​ပါ​မူ​ထို​ဆု​ကို​ရ​မည်​မ​ဟုတ်'' ဟု ဆို​၏။

11. သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။-

12. ဧ​လိ​ရှဲ​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​ဖြင့် ဧ​လိ​ယ​အား``အို အ​ကျွန်ုပ်​၏​အ​ဖ၊ အို အ​ကျွန်ုပ် ၏​အ​ဖ၊ တန်​ခိုး​ကြီး​မား​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​သော​အ​ရှင်၊ ကိုယ် တော်​သည်​ထွက်​ခွာ​သွား​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ဟစ်​အော်​၍​ပြော​၏။ ထို​နောက်​သူ​သည်​ဧ​လိ​ယ ကို​တစ်​ဖန်​ပြန်​၍​မ​တွေ့​မ​မြင်​ရ​တော့​ချေ။ဧ​လိ​ရှဲ​သည်​ကြေ​ကွဲ​ဝမ်း​နည်း​သ​ဖြင့် မိ​မိ​၏ ဝတ်​လုံ​ကို​နှစ်​ခြမ်း​ဆုတ်​ဖြဲ​လိုက်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 2