ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 19:25-30 Common Language Bible (BCL)

25. ``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခဲ့​ကြောင်း​သင်​အ​ဘယ်​အ​ခါ​၌​မျှ မ​ကြား​ဘူး​သ​လော။ ယ​ခု​ထို​အ​မှု​အ​ရာ များ​ကို​ငါ​ဖြစ်​ပွား​စေ​ပြီ။ ခံ​တပ်​မြို့​များ​ကို အ​မှိုက်​ပုံ​ဖြစ်​စေ​နိုင်​သော​တန်​ခိုး​ကို​သင့် အား​ငါ​ပေး​အပ်​ခဲ့​၏။-

26. ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​စွမ်း​ရည် မ​ရှိ၊ ထိတ်​လန့်​ကြောက်​ရွံ့​လျက်​အ​ရှေ့​အ​ရပ်​မှ လေ​ပူ​တိုက်​၍ ညှိုး​နွမ်း​သွား​သည့်​စား​ကျက် မြက်၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့် တူ​ကြ​၏။

27. ``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန်​အ​စင် ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု​၍​အ​ဘယ် အ​ရပ်​သို့​သွား​သည်​ကို​လည်း​ကောင်း၊ ငါ့​အား အ​ဘယ်​မျှ​အ​မျက်​ထွက်​လျက်​နေ​သည်​ကို လည်း​ကောင်း​ငါ​သိ​၏။-

28. သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့​ကို ငါ​ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို နှာ​ကွင်း​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင် လာ​လမ်း​အ​တိုင်း ပြန်​စေ​မည်'' ဟူ​၍​တည်း။

29. ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင်​သည်​ယ​ခု​နှစ်​နှင့်​နောင်​နှစ်​ခါ​၌ စ​ပါး ရိုင်း​ကို​သာ​လျှင်​စား​ရ​လိမ့်​မည်။ သို့​ရာ​တွင် တ​တိ​ယ​နှစ်​၌​မူ​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း စိုက်​၍ စပျစ်​သီး​များ​ကို​စား​ရ​လိမ့်​မည်။-

30. ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည် မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​များ ကဲ့​သို့​တိုး​တက်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 19