23. သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။-
24. သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင် ၏တပ်မတော်သားတို့သည် ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားခဲ့၏။
25. ``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခဲ့ကြောင်းသင်အဘယ်အခါ၌မျှ မကြားဘူးသလော။ ယခုထိုအမှုအရာ များကိုငါဖြစ်ပွားစေပြီ။ ခံတပ်မြို့များကို အမှိုက်ပုံဖြစ်စေနိုင်သောတန်ခိုးကိုသင့် အားငါပေးအပ်ခဲ့၏။-
26. ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။
27. ``သို့ရာတွင်သင်၏အကြောင်းကိုအကုန်အစင် ငါသိ၏။ သင်အဘယ်အမှုကိုပြု၍အဘယ် အရပ်သို့သွားသည်ကိုလည်းကောင်း၊ ငါ့အား အဘယ်မျှအမျက်ထွက်လျက်နေသည်ကို လည်းကောင်းငါသိ၏။-
28. သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
29. ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။-
30. ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည် မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်များ ကဲ့သို့တိုးတက်ဖွံ့ဖြိုးကြလိမ့်မည်။-
31. ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင်လူ တို့သည် အသက်မသေဘဲကျန်ရှိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ဖြစ်ပျက်စေ ရန်ထာဝရဘုရားသန္နိဋ္ဌာန်ချမှတ်ထား တော်မူသောကြောင့်ဖြစ်၏။
32. ``အာရှုရိဧကရာဇ်မင်း၏အကြောင်းနှင့်ပတ် သက်၍ ထာဝရဘုရားက`သူသည်ဤမြို့သို့ ဝင်ရမည်မဟုတ်။ မြို့ထဲသို့လည်းမြားတစ် လက်မျှပစ်လွှတ်ရမည်မဟုတ်။ မြို့ကိုဝိုင်းရံ တိုက်ခိုက်ရန်မြေကတုတ်များကိုလည်းဖို့ လုပ်ရမည်မဟုတ်။-
33. သူသည်မြို့ထဲသို့မဝင်ရဘဲလာလမ်းဖြင့်ပြန် ရမည်။ ဤကားငါထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
34. ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။
35. ထိုည၌ထာဝရဘုရား၏ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သားတစ်သိန်း ရှစ်သောင်းငါးထောင်ကိုဒဏ်ခတ်သဖြင့် နောက် တစ်နေ့အရုဏ်တက်ချိန်၌ထိုသူအပေါင်း တို့သည်သေလျက်နေကြ၏။-
36. ထိုအခါအာရှုရိဧကရာဇ်မင်းသည် တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-
37. တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။