ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 19:1-19 Common Language Bible (BCL)

1. ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ချင်း​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​အ​ဝတ် တော်​ကို​ဆုတ်​ပြီး​လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ကြွ​တော် မူ​၏။-

2. မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး​သူ ယဇ်​ပု​ရော​ဟိတ်​များ​ကို အာ​မုတ်​၏​သား​ဟေ​ရှာ ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-

3. မင်း​ကြီး​က``ယ​နေ့​သည်​ဒု​က္ခ​ရောက်​ရာ​နေ့​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​၍ အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် သား​ဖွား​ချိန်​စေ့​သော်​လည်း သား​ဖွား​နိုင်​ရန် အား​မ​ရှိ​သည့်​အမျိုး​သ​မီး​နှင့်​တူ​ပါ​၏။-

4. အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​မိ​မိ​၏​ဗိုလ်​ချုပ် ကို​စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​စ​ကား​ကို​ကြား​တော်​မူ​၍​ယင်း​သို့ ပြော​ဆို​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​ပါ​စေ​သော။ သို့​ဖြစ်​၍​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ လော့'' ဟု​ဟေ​ရှာ​ယ​ထံ​လျှောက်​ထား​စေ​၏။

5-6. ဟေ​ဇ​ကိ​မင်း​၏​စ​ကား​ကို​ကြား​သော​အ​ခါ ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော် မူ​၏။ အာ​ရှု​ရိ​မင်း​၏​ကျွန်​တို့​သည် ငါ့​ကို​ပြစ် မှား​၍​ပြော​ဆို​သည့်​စ​ကား​ကို​သင်​တို့​ကြား ရ​သော​အ​ခါ​မ​ကြောက်​နှင့်။-

7. ငါ​သည်​ဧ​က​ရာဇ်​မင်း​အား​မိ​မိ​၏​တိုင်း​ပြည် သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တ​ရာ​ကို​ကြား စေ​တော်​မူ​မည်။ ထို​နောက်​သူ့​ကို​ထို​ပြည်​၌​ပင် လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​စေ​လတ္တံ့'' ဟု​ပြန်​ကြား လိုက်​၏။

8. ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက်​ခွာ​ပြီး လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို​တိုက်​ခိုက် လျက်​ရှိ​ကြောင်း​ကို အာ​ရှု​ရိ​အ​ရာ​ရှိ​ကြား​သိ သော​အ​ခါ မင်း​ကြီး​နှင့်​ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ​သည်။-

9. ထို​အ​ခါ​အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည် မိ​မိ တို့​အား​တိုက်​ခိုက်​ရန်​ဆူ​ဒန်​ဘု​ရင်​တိ​ရက္က​ဦး စီး​ခေါင်း​ဆောင်​သည့် အီ​ဂျစ်​တပ်​မ​တော်​ချီ တက်​လာ​နေ​ကြောင်း​ကို​သ​တင်း​ရ​ရှိ​ကြ​၏။-

10. ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ်​မင်း သည် ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​အ​မှာ​တော် စာ​ပေး​ပို့​လိုက်​လေ​သည်။ ထို​အ​မှာ​တော်​စာ တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​က​သင်​သည် ငါ ၏​လက်​တွင်း​သို့​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ကြောင်း​မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​နား မ​ယောင်​နှင့်။-

11. အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​မိ​မိ​ဖျက်​ဆီး​ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ်​သို့ ပြု​တော်​မူ​တတ်​ကြောင်း​သင်​ကြား​သိ​ရ​ပြီ ဖြစ်​၏။ သင်​သည်​ငါ​၏​လက်​မှ​လွတ်​မြောက် နိုင်​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။-

12. ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန် မြို့၊ ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပြီး​လျှင် တေ​လ သာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင်​အ​မျိုး​သား တို့​အား​သုတ်​သင်​သတ်​ဖြတ်​ခဲ့​ကြ​၏။ သူ​တို့​၏ ဘု​ရား​များ​အ​နက်​အ​ဘယ်​ဘု​ရား​မျှ​သူ တို့​ကို​မ​ကယ်​နိုင်​ကြ။-

13. ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န မြို့​နှင့်​ဣ​ဝါ​မြို့​တို့​တွင်​စိုး​စံ​ခဲ့​သော​ဘု​ရင် များ​သည်​အ​ဘယ်​မှာ​နည်း'' ဟု​ဖော်​ပြ​ပါ ရှိ​၏။

14. ဟေ​ဇ​ကိ​မင်း​သည်​ထို​အ​မှာ​တော်​စာ​ကို​စေ တမန်​များ​ထံ​မှ​ယူ​၍​ဖတ်​ပြီး​လျှင် ဗိ​မာန်​တော် သို့​သွား​၍​ထာ​ဝရ​ဘု​ရား​၏​ရှေ့​တော်​၌​ချ ထား​၏။-

15. ထို​နောက်​ဤ​သို့​ပတ္ထ​နာ​ပြု​၏။ ``ခမ်း​နား​တင့် တယ်​သည့်​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​သော အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ကမ္ဘာ နိုင်​ငံ​အ​ရပ်​ရပ်​ကို​အ​စိုး​ရ​သော​ဘုရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိုး​မြေ​ကို​ဖန် ဆင်း​တော်​မူ​ပါ​၏။-

16. အို ထာ​ဝရ​ဘု​ရား၊ ယ​ခု​အ​ကျွန်ုပ်​တို့​တွေ့​ကြုံ နေ​ရ​ကြ​သော​အ​မှု​ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော ကိုယ်​တော်​အား​သ​နာ​ခ​ရိပ်​စော်​ကား ပြော​ဆို​သော​စ​ကား​ကို​ကြား​တော်​မူ​ပါ။-

17. အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း များ​သည် လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်၊-

18. သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ဖျက်​ဆီး ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့် လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက်​ရုပ်​များ​သာ ဖြစ်​ပါ​၏။-

19. အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သိ​ရှိ​ကြ​စေ​ရန် ယ​ခု​ပင်​အ​ကျွန်ုပ်​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 19