ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 18:7-11 Common Language Bible (BCL)

7. သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ တော်​မူ​သ​ဖြင့် သူ​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​အောင်​မြင်​လေ​သည်။ သူ​သည် အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကို​အ​ညံ့​မ​ခံ​ဘဲ ပုန်​ကန်​လေ​သည်။-

8. ဖိ​လိတ္တိ​ပြည်​သား​တို့​ကို​လည်း​တိုက်​ခိုက်​နှိမ်​နင်း လေ​၏။ ဂါ​ဇ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​နယ်​မြေ​အ​ပါ အ​ဝင်​သူ​တို့​နေ​ထိုင်​ရာ အ​ငယ်​ဆုံး​ကျေး​ရွာ မှ​အ​ကြီး​ဆုံး​မြို့​သို့​တိုင်​အောင်​သွား​ရောက် တိုက်​ခိုက်​လု​ယက်​လေ​သည်။

9. ဣ​သ​ရေ​လ​ဘု​ရင်​ဟော​ရှေ​၏​နန်း​စံ​ခု​နစ် နှစ်​မြောက်၊ ဟေ​ဇ​ကိ​မင်း​၏​နန်း​စံ​လေး​နှစ်​မြောက် ၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာ​လ​မ​နေ​ဇာ သည် ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​၏။-

10. သုံး​နှစ်​ကြာ​သော​အ​ခါ​ရှ​မာ​ရိ​မြို့​ကျ​ဆုံး သွား​လေ​သည်။ ယင်း​သို့​ဖြစ်​ပျက်​သည်​မှာ​ဟေ ဇ​ကိ​၏​နန်း​စံ​လေး​နှစ်​မြောက်​နှင့် ဟော​ရှေ​၏ နန်း​စံ​ကိုး​နှစ်​မြောက်​၌​ဖြစ်​သ​တည်း။-

11. အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​သွား​ပြီး​လျှင်​အ​ချို့​ကို​ဟာ​လ​မြို့​၌ လည်း​ကောင်း၊ အ​ချို့​ကို​ဂေါ​ဇန်​ခ​ရိုင်​ဟာ​ဗော်​မြစ် အ​နီး​၌​လည်း​ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ မြို့​များ​၌​လည်း​ကောင်း​နေ​ထိုင်​စေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 18