ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 18:20-37 Common Language Bible (BCL)

20. စ​ကား​ပြော​ရုံ​ဖြင့်​စစ်​တိုက်​ရန်​စွမ်း​ရည်​ရှိ​သည် ဟု​ထင်​ပါ​သ​လော။ ငါ့​ကို​ပုန်​ကန်​ရန်​သင့်​အား အ​ဘယ်​သူ​ကူ​ညီ​လိမ့်​မည်​နည်း။-

21. သင်​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို​စောင့် စား​လျက်​နေ​၏။ သို့​သော်​ထို​ပြည်​ကို​အား​ကိုး ခြင်း​သည် ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး ပြု​ခြင်း​နှင့်​တူ​ပေ​သည်။ ထို​ကူ​ရိုး​သည်​ကျိုး​၍ သင်​၏​လက်​ကို​စူး​လိမ့်​မည်။ အီ​ဂျစ်​ဘု​ရင်​ကား သူ့​ကို​အား​ကိုး​သူ​အ​ဖို့ ထို​အ​ရိုး​နှင့်​တူ​သည်' ဟု​မိန့်​တော်​မူ​သည်'' ဟု​ပြော​၏။

22. သူ​သည်​ဆက်​လက်​၍``သင်​က`ငါ​တို့​သည် ငါ​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး ပါ​သည်' ဟု​ပြော​ဆို​ကြ​မည်​လော။ မြင့်​သော အ​ရပ်​ဌာ​န​များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဟေ​ဇ​ကိ ဖျက်​ဆီး​၍ ယု​ဒ​ပြည်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​ရှိ​ယဇ်​ပလ္လင်​၌​သာ ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန် အ​မိန့်​ထုတ်​သည်​မ​ဟုတ်​ပါ​လော။-

23. ငါ​၏​သ​ခင်​ဧ​က​ရာဇ်​ဘု​ရင်​သည် သင်​တို့​နှင့် အ​လောင်း​အ​စား​ပြု​မည်။ သင်​တို့​သည်​မြင်း​စီး သူ​ရဲ​နှစ်​ထောင်​ရ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင် တို့​အား​မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-

24. သင်​တို့​သည်​အာ​ရှု​ရိ​တပ်​မ​တော်​တွင်​အ​ငယ်​ဆုံး သော​ဗိုလ်​ကို​ပင်​ယှဉ်​ပြိုင်​နိုင်​မှု​မရှိ​ဘဲ အီ​ဂျစ်​အမျိုး သား​တို့​ထံ​မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ အ​ညီ​များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-

25. ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​ကူ​အ​ညီ​မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သည်​ဟု သင် တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ပြည်​ကို​တိုက် ခိုက်​ဖျက်​ဆီး​ရန် ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​ငါ့​အား​စေ​ခိုင်း​တော်​မူ​၏'' ဟု​ဆို​၏။

26. ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည် ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ​ဘာ​သာ စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​ပါ။ ထို စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည်​ပါ​သည်။ ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​မ​သုံး​ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ လူ​အ​ပေါင်း​တို့​နား​ထောင်​လျက်​နေ​ကြ​ပါ သည်'' ဟု​ပြော​၏။

27. ထို​သူ​က``ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​နှင့်​သင်​တို့ ဘု​ရင်​အား ဤ​စ​ကား​များ​ကို​ပြော​ကြား​ရန်​ငါ့ အား​စေ​လွှတ်​တော်​မူ​လိုက်​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင်​ထိုင်​နေ​ကြ​သူ​တို့​အား​လည်း ပြော​ကြား​ပါ​၏။ သင်​တို့​နည်း​တူ​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ကျင်​ကြီး​ကျင်​ငယ်​ကို​ပြန်​၍​စား​သောက် ကြ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော​၏။

28. ထို​နောက်​သူ​သည်​ထ​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား ဖြင့်``သင်​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

29. သင်​တို့​အား​ဟေ​ဇ​ကိ​လှည့်​စား​သည်​ကို​နား​မ ယောင်​ကြ​နှင့်။ ဟေ​ဇ​ကိ​သည်​သင်​တို့​အား​မ​ကယ် နိုင်။-

30. ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး​ရန်​သူ​၏​သွေး ဆောင်​စကား​ကို​နား​မ​ထောင်​ကြ​နှင့်။ ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ကယ်​တော်​မူ​မည်​ဟူ ၍​လည်း​ကောင်း၊ အာ​ရှု​ရိ​တပ်​မ​တော်​အား ဤ မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ် ဟူ​၍​လည်း​ကောင်း​မ​ထင်​မှတ်​ကြ​နှင့်။-

31-32. ဟေ​ဇ​ကိ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ မြို့​ထဲ မှ​ထွက်​၍​လက်​နက်​ချ​ကြ​ရန် သင်​တို့​အား​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​အ​မိန့်​တော်​ရှိ​၏။ သင်​တို့​အား ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​နှင့်​တူ​သည့် ပြည်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​သစ်​နှင့်​ပြည့်​စုံ​သော ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​ရှိ​သော​ပြည်၊ သံ​လွင် ဆီ​နှင့်​ပျား​ရည်​ရှိ​သော​ပြည်​သို့​မ​ပို့​ဆောင်​မီ အ​တော​အ​တွင်း​၌ သင်​တို့​သည်​မိ​မိ​တို့​၏ စ​ပျစ်​ပင်​များ​နှင့်​သင်္ဘော​သ​ဖန်း​ပင်​များ​မှ အ​သီး​များ​ကို​စား​ကြ​၍ မိ​မိ​တို့​၏​ရေ​တွင်း များ​မှ​ရေ​ကို​လည်း​သောက်​သုံး​ခွင့်​ရ​လိမ့်​မည်။ ဧ​က​ရာဇ်​မင်း​အ​မိန့်​ရှိ​သည်​အ​တိုင်း​လိုက် နာ​ပါ​လျှင် သင်​တို့​သည်​သေ​ရ​ကြ​မည်​မ​ဟုတ်။ အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ ထာ​ဝရ ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ်​တော်​မူ​နိုင် သည်​ဟု သင်​တို့​ထင်​မှတ်​စေ​ရန်​ဟေ​ဇ​ကိ လှည့်​စား​သည်​ကို​နား​မ​ထောင်​ကြ​နှင့်။-

33. အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည်​ထို​သူ တို့​၏​ပြည်​များ​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် ၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-

34. ဟာ​မတ်​ပြည်​နှင့်​အာ​ပဒ်​ပြည်​တို့​၏​ဘု​ရား များ​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၊ ဟေန​ပြည်​နှင့်​ဣ​ဝါ​ပြည် တို့​၏​ဘု​ရား​များ​သည် အ​ဘယ်​မှာ​ရှိ​ပါ သ​နည်း။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​ကို​ကယ် ခဲ့​ကြ​ပါ​သ​လော။-

35. ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ​အ​နက် အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို​ငါ တို့​ဧ​က​ရာဇ်​ဘု​ရင်​၏​လက်​မှ​အ​ဘယ်​အ​ခါ က​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကို ကယ်​တော်​မူ​နိုင်​သည်​ဟု သင်​တို့​အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။-

36. ပြည်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​မှာ​ကြား​လိုက် သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ် ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-

37. ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည်​ဝမ်း​နည်း​လျက် မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ကာ​အာ​ရှု​ရိ​အ​ရာ​ရှိ​၏​စကား​ကို​မင်း ကြီး​ထံ​ပြန်​ကြား​လျှောက်​ထား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 18