ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 18:1-2-4 Common Language Bible (BCL)

1-2. ဧ​လာ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ဟော​ရှေ​၏ နန်း​စံ​သုံး​နှစ်​မြောက်​၌ အာ​ခတ်​၏​သား​တော် ဟေ​ဇ​ကိ​သည်၊ အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏ သ​မီး​အာ​ဘိ​ဖြစ်​၏။-

3. ထို​မင်း​သည်​မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​၏​စံ​န မူ​နာ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​၏။-

4. သူ​သည်​ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​ဖျက်​သိမ်း​၍ ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ကာ​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ပူ​ဇော် ထား​သည့်​တံ​ခွန်​တိုင်​တို့​ကို​ခုတ်​လှဲ​၏။ မော​ရှေ ပြု​လုပ်​ခဲ့​သည့်​ကြေး​ဝါ​မြွေ​ကို​လည်း အ​ပိုင်း ပိုင်း​ဖြတ်​လေ​သည်။ ထို​မြွေ​ရုပ်​ကား​န​ဟုတ္တန်​ဟု နာ​မည်​တွင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ထို​အ​ချိန်​ကာ​လ​တိုင်​အောင်​ပင် ထို​မြွေ ရုပ်​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍​ပူ​ဇော်​ခဲ့ ကြ​သ​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 18