ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 18:15-26 Common Language Bible (BCL)

15. ဟေ​ဇ​ကိ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​၌ ရှိ​သ​မျှ​သော​ငွေ​ကို​လည်း​ကောင်း၊-

16. ဗိ​မာန်​တော်​တံ​ခါး​ဝ​များ​နှင့် မိ​မိ​ကိုယ်​တိုင် မွမ်း​မံ​ချယ်​လှယ်​ထား​သည့်​တံ​ခါး​တိုင်​များ​မှ ရွှေ​ကို​လည်း​ကောင်း​သ​နာ​ခရိပ်​အား​ပေး​၏။-

17. အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-

18. ထို့​နောက်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​အား​လူ​လွှတ် ၍​ဖိတ်​ခေါ်​ကြ​၏။ ထို​အ​ခါ​ဟေ​ဇ​ကိ​၏​နန်း​တွင်း အ​ရာ​ရှိ​သုံး​ဦး​တို့​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​ရန် ထွက်​လာ​ကြ​၏။ သူ​တို့​ကား​ဟိ​လ​ခိ​၏​သား​နန်း တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း​တော်​အ​တွင်း​ဝန်​ရှေ​ဗ​န နှင့် အာ​သပ်​၏​သား​အ​မှု​တွဲ​ထိန်း​ယော​အာ​တို့ ဖြစ်​သ​တည်း။-

19. အာ​ရှု​ရိ​အ​မျိုး​သား​တစ်​ဦး​က​သူ​တို့​အား``အာ ရှု​ရိ​ဘု​ရင်​က​ဟေ​ဇ​ကိ​မင်း​အား`သင်​သည်​အ​ဘယ် ကြောင့်​မိ​မိ​ကိုယ်​ကို ဤ​မျှ​ယုံ​ကြည်​ကိုး​စား​လျက် နေ​သ​နည်း။-

20. စ​ကား​ပြော​ရုံ​ဖြင့်​စစ်​တိုက်​ရန်​စွမ်း​ရည်​ရှိ​သည် ဟု​ထင်​ပါ​သ​လော။ ငါ့​ကို​ပုန်​ကန်​ရန်​သင့်​အား အ​ဘယ်​သူ​ကူ​ညီ​လိမ့်​မည်​နည်း။-

21. သင်​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို​စောင့် စား​လျက်​နေ​၏။ သို့​သော်​ထို​ပြည်​ကို​အား​ကိုး ခြင်း​သည် ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး ပြု​ခြင်း​နှင့်​တူ​ပေ​သည်။ ထို​ကူ​ရိုး​သည်​ကျိုး​၍ သင်​၏​လက်​ကို​စူး​လိမ့်​မည်။ အီ​ဂျစ်​ဘု​ရင်​ကား သူ့​ကို​အား​ကိုး​သူ​အ​ဖို့ ထို​အ​ရိုး​နှင့်​တူ​သည်' ဟု​မိန့်​တော်​မူ​သည်'' ဟု​ပြော​၏။

22. သူ​သည်​ဆက်​လက်​၍``သင်​က`ငါ​တို့​သည် ငါ​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး ပါ​သည်' ဟု​ပြော​ဆို​ကြ​မည်​လော။ မြင့်​သော အ​ရပ်​ဌာ​န​များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဟေ​ဇ​ကိ ဖျက်​ဆီး​၍ ယု​ဒ​ပြည်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​ရှိ​ယဇ်​ပလ္လင်​၌​သာ ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန် အ​မိန့်​ထုတ်​သည်​မ​ဟုတ်​ပါ​လော။-

23. ငါ​၏​သ​ခင်​ဧ​က​ရာဇ်​ဘု​ရင်​သည် သင်​တို့​နှင့် အ​လောင်း​အ​စား​ပြု​မည်။ သင်​တို့​သည်​မြင်း​စီး သူ​ရဲ​နှစ်​ထောင်​ရ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင် တို့​အား​မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-

24. သင်​တို့​သည်​အာ​ရှု​ရိ​တပ်​မ​တော်​တွင်​အ​ငယ်​ဆုံး သော​ဗိုလ်​ကို​ပင်​ယှဉ်​ပြိုင်​နိုင်​မှု​မရှိ​ဘဲ အီ​ဂျစ်​အမျိုး သား​တို့​ထံ​မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ အ​ညီ​များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-

25. ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​ကူ​အ​ညီ​မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သည်​ဟု သင် တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ပြည်​ကို​တိုက် ခိုက်​ဖျက်​ဆီး​ရန် ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​ငါ့​အား​စေ​ခိုင်း​တော်​မူ​၏'' ဟု​ဆို​၏။

26. ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည် ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ​ဘာ​သာ စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​ပါ။ ထို စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည်​ပါ​သည်။ ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​မ​သုံး​ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ လူ​အ​ပေါင်း​တို့​နား​ထောင်​လျက်​နေ​ကြ​ပါ သည်'' ဟု​ပြော​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 18