38. သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို မမေ့မလျော့ရ။-
39. သင်တို့၏ဘုရားသခင်ငါထာဝရဘုရား၏ စကားကိုနားထောင်ရကြမည်။ ငါသည်လည်း သင်တို့အား ရန်သူတို့လက်မှကယ်ဆယ်မည်'' ဟုပညတ်တော်မူခဲ့၏။-
40. သို့ရာတွင်သူတို့သည်နားမထောင်ဘဲ မိမိ တို့ဋ္ဌလေ့ထုံးစံဟောင်းများကိုသာဆက်လက် ကျင့်သုံးကြလေသည်။
41. သို့ဖြစ်၍ထိုသူတို့သည်ထာဝရဘုရားကို ကိုးကွယ်ကြသော်လည်း မိမိတို့၏ရုပ်တုများ ကိုလည်းကိုးကွယ်ကြ၏။ သူတို့၏သားမြေး တို့သည်လည်း ယနေ့တိုင်အောင်ဤနည်း အတိုင်းဆက်လက်ပြုကျင့်ကြကုန်သည်။