ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 17:27-39 Common Language Bible (BCL)

27. မင်း​ကြီး​က``ထို​ပြည်​မှ​ငါ​တို့​ဖမ်း​ဆီး​ခဲ့ သော​သုံ့​ပန်း​များ​အ​နက် ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ကို​ပြန်​၍​စေ​လွှတ်​လော့။ လူ​တို့​အား ထို​ပြည်​စောင့်​ဘု​ရား​၏​တ​ရား​ကို​သွန်​သင် ပေး​နိုင်​ရန်​သူ့​အား ထို​ပြည်​သို့​ပြန်​လည် သွား​ရောက်​နေ​ထိုင်​စေ​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။-

28. သို့​ဖြစ်​၍​ရှ​မာ​ရိ​ပြည်​မှ​သုံ့​ပန်း​များ​အ​နက် ဣ​သ​ရေ​လ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် ဗေ​သ​လ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၍ ထာ​ဝရ ဘု​ရား​အား​အ​ဘယ်​သို့​ကိုး​ကွယ်​ရ​မည်​ကို လူ​တို့​အား​သွန်​သင်​၏။

29. သို့​ရာ​တွင်​ရှ​မာ​ရိ​ပြည်​တွင်​လာ​ရောက်​နေ​ထိုင် ကြ​သူ​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ​ရုပ်​တု​များ ကို​ပြု​မြဲ​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တည်​ဆောက်​ခဲ့​သည့်​တန်​ဆောင်း​များ​တွင်​ထား ရှိ​ကြ​၏။ ထို​သူ​တို့​သည် အုပ်​စု​အ​လိုက်​သက် ဆိုင်​ရာ​ရုပ်​တု​များ​ကို​မိ​မိ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​ပြု​လုပ်​ကြ​၏။-

30. ဗာ​ဗု​လုန်​မြို့​သား​တို့​က​သု​ကုတ်​ဗေ​နုတ် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊ ကု​သ မြို့​သား​တို့​က​နေ​ရ​ဂါ​လ​ဘု​ရား​ရုပ်​တု များ​ကို​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သား​တို့​က အ​ရှိ​မ​ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊-

31. အာ​ဝ​မြို့​သား​တို့​က နိ​ဗ​ဟာ​ဇ​နှင့်​တာ​တက် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း​ပြု​လုပ် ကြ​လေ​သည်။ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​သည် အာ​ဒြမ္မေ​လက်​နှင့်​အ​နမ္မေ​လက်​ဘု​ရား​တို့​အား မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​ပူ​ဇော်​ကြ​၏။-

32. ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​ကို​လည်း​ဝတ်​ပြု ကိုး​ကွယ်​ကြ​ပြီး​လျှင် ရုပ်​တု​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ယဇ်​ပု​ရော​ဟိတ်​ပြု လုပ်​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မိ​မိ​တို့​အ ထဲ​မှ​လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ကြ​၏။-

33. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ် ကြ​သော်​လည်း မိ​မိ​တို့​ထွက်​ခွာ​လာ​သည့်​တိုင်း ပြည်​များ​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​အ​ရ​သက် ဆိုင်​ရာ​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ်​ကြ လေ​သည်။

34. သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း များ​ကို ယ​နေ့​တိုင်​အောင်​ကျင့်​သုံး​လျက်​ရှိ ကြ​၏။ ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ခြင်း​မ​ရှိ​ကြ။ ဣသ​ရေ​လ​ဟူ​သော​နာ​မည် ဖြင့်​ကိုယ်​တော်​သ​မုတ်​တော်​မူ​သော ယာ​ကုပ် ၏​သား​မြေး​တို့​အား​ကိုယ်​တော်​ပေး​အပ်​တော် မူ​ခဲ့​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော် များ​ကို​လည်း​မ​လိုက်​နာ​ကြ။-

35. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့ တော်​မူ​၍``သင်​တို့​သည်​အ​ခြား​ဘု​ရား​များ ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​နှင့်။ သူ​တို့​ရှေ့​တွင် ဦး​မ​ညွှတ်​ကြ​နှင့်။ သူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​သော်​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​ကြ​နှင့်၊-

36. သင်​တို့​သည်​မိ​မိ​တို့​အား​မ​ဟာ​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ရ​ကြ​မည်။ သင်​တို့​သည်​ငါ့​အား ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​ယဇ်​များ​ကို​ပူ​ဇော်​ရ ကြ​မည်။-

37. သင်​တို့​အ​တွက်​ငါ​ရေး​သား​ပေး​သည့်​ပ​ညတ် တော်​များ​နှင့် အ​မိန့်​တော်​များ​ကို​အ​စဉ်​အ​မြဲ လိုက်​နာ​ရ​ကြ​မည်။ သင်​တို့​သည်​အ​ခြား ဘု​ရား​များ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။-

38. သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို မ​မေ့​မ​လျော့​ရ။-

39. သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝရ​ဘု​ရား​၏ စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ငါ​သည်​လည်း သင်​တို့​အား ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​မည်'' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 17