ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 17:1-7 Common Language Bible (BCL)

1. ယု​ဒ​ဘု​ရင်​အာ​ခတ်​၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ် မြောက်​၌ ဧ​လာ​၏​သား​ဟော​ရှေ​သည်​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင် ကိုး​နှစ်​နန်း​စံ​လေ​သည်။-

2. သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​သော် လည်း မိ​မိ​၏​နောင်​တော်​ဣသ​ရေ​လ​ဘု​ရင် များ​လောက်​မ​ဆိုး​ရွား​ချေ။-

3. အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာလ​မ​နေ​ဇာ​စစ်​ချီ လာ​သော​အ​ခါ ဟော​ရှေ​သည်​အ​ရှုံး​ပေး​ပြီး လျှင်​နှစ်​စဉ်​နှစ်​တိုင်း​အ​ခွန်​ဘဏ္ဍာ​ဆက်​သ လေ​သည်။-

4. သို့​ရာ​တွင်​နှစ်​တစ်​နှစ်​တွင်​ဟော​ရှေ​သည် အီ​ဂျစ် ဘု​ရင်​သွာ​မင်း​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​ပြီး​လျှင် အာ​ရှု​ရိ​ပြည် သို့​အ​ခွန်​ဘဏ္ဍာ​မ​ဆက်​သ​ဘဲ​နေ​၏။ ဤ​အ​ခြင်း အ​ရာ​ကို​ရှာ​လ​မ​နေ​ဇာ​သိ​ရှိ​သော​အ​ခါ ဟော​ရှေ​အား​ဖမ်း​ဆီး​၍​ထောင်​သွင်း​ထား​စေ​၏။

5. ထို​နောက်​ရှာ​လ​မ​နေ​ဇာ​သည်​ဣသ​ရေ​လ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း ရံ​ထား​၏။ သုံး​နှစ်​မျှ​ကြာ​သော​အ​ခါ၊-

6. ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။

7. ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​သည်​မှာ​ဣသ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​အား​အီ​ဂျစ်​ဘု​ရင်​၏​လက် မှ​ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 17