ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 13:8-25 Common Language Bible (BCL)

8. ယော​ခတ်​၏​လက်​ရုံး​ရည်​နှင့်​သူ​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

9. သူ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင်​သူ့​ကို သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယ​ဟော​ရှ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

10. ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​၏​နန်း​စံ​သုံး​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ယော​ခတ်​၏​သား​တော်​ယ​ဟော​ရှ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း​စံ လေ​သည်။-

11. သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​ယေ​ရော​ဗောင်​မင်း ၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​လိုက်​လျှောက်​သူ​ဖြစ်​၏။-

12. ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင် သူ​လုပ် ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

13. ယ​ဟော​ရှ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို ရှ​မာ​ရိ​မြို့​ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

14. ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဝေဒ​နာ​စွဲ​၍​နေ​၏။ သူ သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​သေ​အံ့​ဆဲ​ဆဲ ဖြစ်​နေ​ချိန်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် သူ့​အား​ကြည့်​ရှု​ရန်​လာ​ရောက်​ပြီး​လျှင်``အ ကျွန်ုပ်​၏​အ​ဖ၊ အ​ကျွန်ုပ်​၏​အ​ဖ၊ အ​ရှင်​သည် ကြီး​မား​သော​တန်​ခိုး​စွမ်း​အင်​ဖြင့် ဣ​သ​ရေ​လ ပြည်​ကို​ကာ​ကွယ်​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု ငို​ကြွေး​၏။

15. ဧ​လိ​ရှဲ​က``လေး​နှင့်​မြား​တို့​ကို​ယူ​ခဲ့​လော့'' ဟု ဆို​သည့်​အ​တိုင်း​ယ​ဟော​ရှ​ယူ​လာ​သော​အ​ခါ၊-

16. ဧ​လိ​ရှဲ​က``လေး​ကို​တင်​လော့'' ဟု​ဆို​၏။ ထို အ​ခါ​မင်း​ကြီး​သည်​လေး​ကို​တင်​လေ​၏။ ထို နောက်​ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို​မင်း​ကြီး ၏​လက်​ပေါ်​တွင်​တင်​ပြီး​လျှင်၊-

17. ရှု​ရိ​ပြည်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​ပြူ တင်း​ပေါက်​ကို မင်း​ကြီး​အား​ဖွင့်​စေ​၏။ ထို​နောက် ဧ​လိ​ရှဲ​က``မြား​ကို​ပစ်​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​ပစ်​လေ​သော်​ပ​ရော​ဖက်​က``သင်​သည် ထာ​ဝရ​ဘု​ရား​၏​မြား​ဖြစ်​၏။ ဘု​ရား​ရှင်​သည် ထို​မြား​အား​ဖြင့်​ရှု​ရိ​ပြည်​ကို​အ​နိုင်​ရ​တော် မူ​လိမ့်​မည်။ သင်​သည်​အာ​ဖက်​မြို့​တွင် ရှု​ရိ​အ​မျိုး သား​တို့​အား​အ​နိုင်​မ​ရ​မ​ချင်း​တိုက်​ခိုက်​လိမ့် မည်'' ဟု​ဆို​၏။

18. ထို​နောက်​ဧ​လိ​ရှဲ​သည်​မင်း​ကြီး​အား အ​ခြား မြား​တို့​ကို​ယူ​စေ​၍``မြေ​ကြီး​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သုံး​ကြိမ်​ရိုက်​ပြီး​လျှင် ရပ်​လိုက်​၏။-

19. ယင်း​သို့​ရပ်​လိုက်​သည့်​အ​တွက်​ဧ​လိ​ရှဲ​သည် အ​မျက်​ထွက်​၍ မင်း​ကြီး​အား``အ​ကယ်​၍​ငါး ကြိမ်​ခြောက်​ကြိမ်​ရိုက်​ခဲ့​ပါ​မူ ရှု​ရိ​အ​မျိုး​သား တို့​အား​အ​ပြီး​အ​ပိုင်​အ​နိုင်​ရ​မည်။ ယ​ခု မှာ​မူ​သုံး​ကြိမ်​သာ​လျှင်​သူ​တို့​အား​အ​နိုင် ရ​လိမ့်​မည်'' ဟု​ဆို​၏။

20. ဧ​လိ​ရှဲ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို​သင်္ဂြိုဟ် ကြ​၏။မော​ဘ​ပြည်​သား​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း ဣသ ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လေ့​ရှိ​ကြ​၏။

21. အ​ခါ​တစ်​ပါး​၌​လူ​သေ​တစ်​လောင်း​ကို​သင်္ဂြိုဟ် မည်​ပြု​နေ​စဉ် လူ​တို့​သည်​မော​ဘ​တပ်​တစ်​တပ် ကို​မြင်​သ​ဖြင့် အ​လောင်း​ကို​ဧ​လိ​ရှဲ​၏​သ​င်္ချိုင်း တွင်း​သို့​ပစ်​ချ​ပြီး​လျှင်​ထွက်​ပြေး​ကြ​၏။ ထို အ​လောင်း​သည်​ဧ​လိ​ရှဲ​၏​အ​ရိုး​များ​နှင့်​ထိ မိ​သည်​နှင့်​တစ်​ပြိုင်​နက် အ​သက်​ပြန်​ဝင်​လာ ပြီး​လျှင်​မတ်​တပ်​ရပ်​လေ​၏။

22. ယော​ခတ်​၏​လက်​ထက်​ကာ​လ​ပတ်​လုံး​ဣသ​ရေ​လ အ​မျိုး​သား​တို့​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​၏ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​၏။-

23. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။

24. ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​ကွယ်​လွန်​သော​အ​ခါ သူ​၏​သား​တော်​ဗင်္ဟာ​ဒဒ်​နန်း​တက်​၏။-

25. ထို​ကာ​လ​၌​ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ် မင်း​၏​သား​တော်​ယ​ဟော​ရှ​သည် ဗင်္ဟာ​ဒဒ်​ကို သုံး​ကြိမ်​တိုင်​တိုင်​နှိမ်​နင်း​ပြီး​လျှင် ခ​မည်း တော်​ယော​ခတ်​လက်​ထက်​၌​ဗင်္ဟာ​ဒဒ်​သိမ်း​ယူ သွား​သော​မြို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 13