ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 13:1-10 Common Language Bible (BCL)

1. ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​၏​သား​တော်​ယော​ရှ​၏​နန်း စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌ ယေ​ဟု​၏​သား​တော် ယော​ခတ်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ် နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​လေ​သည်။-

2. သူ​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​ယေ​ရော ဗောင်​မင်း​ကဲ့​သို့ ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး လွန်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။ သူ​သည်​အ​ဘယ် အ​ခါ​မျှ​မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်။-

3. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား အ​မျက်​ထွက်​တော်​မူ​သ ဖြင့် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​သား​တော်​ဗင်္ဟာ ဒဒ်​တို့​၏​လက်​တွင် အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-

4. ထို​အ​ခါ​ယော​ခတ်​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထာ​ဝရ​ဘု​ရား​သည် လည်း​ရှု​ရိ​ဘု​ရင်​၏​ညှဉ်း​ဆဲ​နှိပ်​စက်​မှု​ကို ဣ​သ ရေ​လ​အ​မျိုး​တို့​အ​ဘယ်​မျှ​ခံ​နေ​ရ​ကြ ကြောင်း​ကို​ရှု​မှတ်​တော်​မူ​သ​ဖြင့် ယော​ခတ် ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။-

5. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တင် မည့်​သူ​ကို​ပေါ်​ထွန်း​စေ​တော်​မူ​သည်။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခင်​က နည်း​တူ​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​ကြ​၏။-

6. သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​အား ယေ​ရော ဗောင်​မင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သည့်​ဒု​စ​ရိုက် လမ်း​စဉ်​ကို​မ​စွန့်​ဘဲ ဆက်​လက်​၍​လိုက်​မြဲ လိုက်​ကြ​၏။ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန် တိုင်​သည်​ရှ​မာ​ရိ​မြို့​တွင်​ရှိ​မြဲ​ရှိ​သေး​၏။

7. ရှု​ရိ​ဘု​ရင်​၏​မြေ​မှုန့်​ကဲ့​သို့​ဖျက်​ဆီး​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​သ​ဖြင့် ယော​ခတ်​တွင်​မြင်း စီး​သူ​ရဲ​ငါး​ဆယ်၊ စစ်​ရ​ထား​ဆယ်​စီး​နှင့် ခြေ​လျင်​တပ်​သား​တစ်​သောင်း​မျှ​သာ​ကျန် ရှိ​တော့​သည်။

8. ယော​ခတ်​၏​လက်​ရုံး​ရည်​နှင့်​သူ​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

9. သူ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင်​သူ့​ကို သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယ​ဟော​ရှ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

10. ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​၏​နန်း​စံ​သုံး​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ယော​ခတ်​၏​သား​တော်​ယ​ဟော​ရှ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း​စံ လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 13