9. ထိုနောက်ယောယဒသည်သေတ္တာတစ်လုံး ကိုယူ၍အဖုံးတွင်အပေါက်ဖောက်ပြီးလျှင် ဗိမာန်တော်အဝင်လမ်းလက်ယာဘက်ရှိယဇ် ပလ္လင်အနီးတွင်ထား၏။ ဗိမာန်တော်အဝင်ဝ တွင်တာဝန်ကျသောယဇ်ပုရောဟိတ်များ သည် ဝတ်ပြုကိုးကွယ်ရန်လာရောက်သူတို့ ပေးလှူသောငွေတို့ကိုသေတ္တာထဲသို့ထည့် ကြ၏။-
10. အလှူခံသေတ္တာတွင်ငွေများလာသည့်အခါ တိုင်း ဘုရင့်အတွင်းဝန်နှင့်ယဇ်ပုရောဟိတ် မင်းတို့လာ၍ ငွေကိုထုတ်ယူကာအရည် ကြိုပြီးလျှင်ချိန်တွယ်ကြ၏။-
11. သူတို့သည်အလေးချိန်အတိအကျကို မှတ်သားထားပြီးလျှင် ငွေကိုဗိမာန်တော် ပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူတို့၏လက် သို့ပေးအပ်ကြ၏။ ကြီးကြပ်သူတို့သည် ထိုငွေကိုလက်သမား၊-
12. ပန်းရံသမားနှင့်ကျောက်ဆစ်သမားတို့၏ လုပ်ခများအတွက်လည်းကောင်း၊ မွမ်းမံပြင် ဆင်ရာတွင်လိုအပ်သောသစ်သား၊ ကျောက် ဝယ်ယူရန်နှင့်အခြားလိုအပ်သည့်စရိတ် များအတွက်လည်းကောင်းအသုံးပြုကြ၏။-
13. ငွေခွက်၊ ငွေဖလား၊ ငွေတံပိုးခရာနှင့်ငွေ မီးညှပ်များပြုလုပ်ရန်အတွက်သော်လည်း ကောင်း ထိုငွေကိုလုံးဝအသုံးမပြုကြ။-
14. အလုပ်သမားခများပေးရန်နှင့်မွမ်းမံ ပြင်ဆင်မှုဆိုင်ရာပစ္စည်းများဝယ်ယူရန် အတွက်သာ ထိုငွေကိုအသုံးပြုကြ၏။-
15. လုပ်ငန်းကြီးကြပ်သူတို့သည်လုံးဝယုံ ကြည်စိတ်ချရသူများဖြစ်သဖြင့် သူတို့ အားငွေစာရင်းအင်းများကိုတင်ပြခိုင်း ရန်မလိုချေ။-
16. ဒုစရိုက်ဖြေရာပူဇော်သကာနှင့်အပြစ်ဖြေ ရာပူဇော်သကာတို့မှရရှိသည့်ငွေကိုမူ အလှူခံသေတ္တာထဲသို့မထည့်ဘဲယဇ်ပုရော ဟိတ်တို့ယူရကြ၏။
17. ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-
18. ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။
19. ယောရှမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။