ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 12:6-17 Common Language Bible (BCL)

6. သို့​ရာ​တွင်​ယော​ရှ​၏​နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ် မြောက်​သို့​ရောက်​ရှိ​သည်​တိုင်​အောင် ဗိ​မာန်​တော် တွင်​မည်​သည့်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို​မျှ​မ​ပြု ရ​သေး​သ​ဖြင့်၊-

7. ယော​ရှ​သည်​ယော​ယ​ဒ​နှင့်​အ​ခြား​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​၍``သင်​တို့​သည်​အ​ဘယ် ကြောင့်​ဗိ​မာန်​တော်​ကို​မ​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ ယ​ခု​အ​ချိန်​မှ​အ​စ​ပြု​၍ သင်​တို့​သည်​မိ​မိ တို့​ရ​ရှိ​သည့်​ငွေ​ကို​သိမ်း​ဆည်း​၍​မ​ထား​ရ ကြ။ ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပေး​အပ်​ရ​ကြ​မည်'' ဟု​ဆို​၏။-

8. ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငွေ​ကို​ပေး အပ်​ရန်​နှင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို တာ​ဝန်​မ​ယူ​ရန်​သ​ဘော​တူ​ကြ​လေ​သည်။

9. ထို​နောက်​ယော​ယ​ဒ​သည်​သေတ္တာ​တစ်​လုံး ကို​ယူ​၍​အ​ဖုံး​တွင်​အ​ပေါက်​ဖောက်​ပြီး​လျှင် ဗိ​မာန်​တော်​အဝင်​လမ်း​လက်​ယာ​ဘက်​ရှိ​ယဇ် ပလ္လင်​အနီး​တွင်​ထား​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော​ဟိတ်​များ သည် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​သူ​တို့ ပေး​လှူ​သော​ငွေ​တို့​ကို​သေတ္တာ​ထဲ​သို့​ထည့် ကြ​၏။-

10. အ​လှူ​ခံ​သေတ္တာ​တွင်​ငွေ​များ​လာ​သည့်​အ​ခါ တိုင်း ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ်​ပု​ရော​ဟိတ် မင်း​တို့​လာ​၍ ငွေ​ကို​ထုတ်​ယူ​ကာ​အ​ရည် ကြို​ပြီး​လျှင်​ချိန်​တွယ်​ကြ​၏။-

11. သူ​တို့​သည်​အ​လေး​ချိန်​အ​တိ​အ​ကျ​ကို မှတ်​သား​ထား​ပြီး​လျှင် ငွေ​ကို​ဗိ​မာန်​တော် ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​၏​လက် သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ​တို့​သည် ထို​ငွေ​ကို​လက်​သ​မား၊-

12. ပန်း​ရံ​သ​မား​နှင့်​ကျောက်​ဆစ်​သ​မား​တို့​၏ လုပ်​ခ​များ​အ​တွက်​လည်း​ကောင်း၊ မွမ်း​မံ​ပြင် ဆင်​ရာ​တွင်​လို​အပ်​သော​သစ်​သား၊ ကျောက် ဝယ်​ယူ​ရန်​နှင့်​အ​ခြား​လို​အပ်​သည့်​စ​ရိတ် များ​အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​ကြ​၏။-

13. ငွေ​ခွက်၊ ငွေ​ဖ​လား၊ ငွေ​တံ​ပိုး​ခ​ရာ​နှင့်​ငွေ မီး​ညှပ်​များ​ပြု​လုပ်​ရန်​အ​တွက်​သော်​လည်း ကောင်း ထို​ငွေ​ကို​လုံး​ဝ​အ​သုံး​မ​ပြု​ကြ။-

14. အ​လုပ်​သ​မား​ခ​များ​ပေး​ရန်​နှင့်​မွမ်း​မံ ပြင်​ဆင်​မှု​ဆိုင်​ရာ​ပစ္စည်း​များ​ဝယ်​ယူ​ရန် အ​တွက်​သာ ထို​ငွေ​ကို​အ​သုံး​ပြု​ကြ​၏။-

15. လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​သည်​လုံး​ဝ​ယုံ ကြည်​စိတ်​ချ​ရ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့ အား​ငွေ​စာ​ရင်း​အင်း​များ​ကို​တင်​ပြ​ခိုင်း ရန်​မ​လို​ချေ။-

16. ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သကာ​နှင့်​အ​ပြစ်​ဖြေ ရာ​ပူ​ဇော်​သ​ကာ​တို့​မှ​ရ​ရှိ​သည့်​ငွေ​ကို​မူ အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​မ​ထည့်​ဘဲ​ယဇ်​ပု​ရော ဟိတ်​တို့​ယူ​ရ​ကြ​၏။

17. ထို​ကာ​လ​၌​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ ထို​နောက် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် လာ​သည့်​ကာ​လ၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 12