12. ပန်းရံသမားနှင့်ကျောက်ဆစ်သမားတို့၏ လုပ်ခများအတွက်လည်းကောင်း၊ မွမ်းမံပြင် ဆင်ရာတွင်လိုအပ်သောသစ်သား၊ ကျောက် ဝယ်ယူရန်နှင့်အခြားလိုအပ်သည့်စရိတ် များအတွက်လည်းကောင်းအသုံးပြုကြ၏။-
13. ငွေခွက်၊ ငွေဖလား၊ ငွေတံပိုးခရာနှင့်ငွေ မီးညှပ်များပြုလုပ်ရန်အတွက်သော်လည်း ကောင်း ထိုငွေကိုလုံးဝအသုံးမပြုကြ။-
14. အလုပ်သမားခများပေးရန်နှင့်မွမ်းမံ ပြင်ဆင်မှုဆိုင်ရာပစ္စည်းများဝယ်ယူရန် အတွက်သာ ထိုငွေကိုအသုံးပြုကြ၏။-
15. လုပ်ငန်းကြီးကြပ်သူတို့သည်လုံးဝယုံ ကြည်စိတ်ချရသူများဖြစ်သဖြင့် သူတို့ အားငွေစာရင်းအင်းများကိုတင်ပြခိုင်း ရန်မလိုချေ။-
16. ဒုစရိုက်ဖြေရာပူဇော်သကာနှင့်အပြစ်ဖြေ ရာပူဇော်သကာတို့မှရရှိသည့်ငွေကိုမူ အလှူခံသေတ္တာထဲသို့မထည့်ဘဲယဇ်ပုရော ဟိတ်တို့ယူရကြ၏။
17. ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-
18. ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။
19. ယောရှမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။
20-21. ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။