ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 6:5-18 Common Language Bible (BCL)

5. ဗိ​မာန်​တော်​၏​အ​ပြင်​နံ​ဘေး​နှစ်​ဘက်​နံ​ရံ​များ နှင့်​ကျော​ဘက်​နံ​ရံ​တွင်​ကပ်​၍ အ​ခန်း​ငယ်​များ ကို​ဆောက်​လုပ်​ထား​လေ​သည်။ ထို​အ​ခန်း​ငယ် များ​မှာ​အ​ထပ်​သုံး​ထပ်​ရှိ​၍​တစ်​ထပ်​လျှင် ခု​နစ်​ပေ​ခွဲ​စီ​မြင့်​၏။-

6. အောက်​ဆုံး​ထပ်​အ​ခန်း​များ​သည်​အ​ကျယ် ခု​နစ်​ပေ​ခွဲ၊ အ​လယ်​ထပ်​၌​ကိုး​ပေ​စီ၊ အ​ပေါ် ဆုံး​ထပ်​၌​ဆယ်​ပေ​ခွဲ​စီ​ရှိ​၏။ ထို​အ​ခန်း​များ ကို​ဆောက်​လုပ်​ရာ​တွင်​ယက်​မ​များ​ကို နံ​ရံ ကို​မ​ဖောက်​ဘဲ​နံ​ရံ​ပေါ်​တွင်​တင်​၍​ဆောက် လုပ်​နိုင်​စေ​ရန် ဗိ​မာန်​တော်​နံ​ရံ​တို့​ကို​အ​ထက် ထပ်​တွင်​အောက်​ထပ်​ထက်​ပို​၍​ပါး​အောင် ပြု​လုပ်​ထား​လေ​သည်။

7. ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် အ​သုံး​ပြု​သည့် ကျောက်​များ​ကို​ကျောက်​တွင်း​တွင်​ဆစ်​ပြီး​မှ ယူ​ခဲ့​သ​ဖြင့် ဗိ​မာန်​တော်​တည်​ဆောက်​ချိန်​၌ တူ၊ ပု​ဆိန်​စ​သော​သံ​တန်​ဆာ​များ​နှင့်​ထု​လုပ် သံ​မ​ကြား​ရ​ချေ။

8. အောက်​ဆုံး​ခန်း​ငယ်​အ​ဝင်​ဝ​မှာ​ဗိ​မာန်​တော် ၏​တောင်​ဘက်​တွင်​ရှိ​၏။ ဒု​တိ​ယ​နှင့်​တ​တိ​ယ ထပ်​များ​သို့​တက်​ရန်​လှေ​ကား​များ​တပ်​ဆင် ထား​၏။-

9. ဗိ​မာန်​တော်​ကို​တည်​ဆောက်​ပြီး​သော​အ​ခါ ရှော​လ​မုန်​သည် သစ်​က​တိုး​သား​ထုပ်​များ ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​ကို​တပ်​ဆင် တော်​မူ​၏။-

10. တစ်​ထပ်​လျှင်​ခု​နစ်​ပေ​ခွဲ​မြင့်​သည့်​သုံး​ထပ် အ​ခန်း​ငယ်​များ​ကို​ဗိ​မာန်​တော်​အ​ပြင်​နံ​ရံ များ​နှင့်​ကပ်​၍​ဆောက်​လုပ်​ပြီး​လျှင် သစ်​က​တိုး ယက်​မ​များ​ဖြင့်​နံ​ရံ​နှင့်​ဆက်​စပ်​၍​ထား လေ​သည်။

11. ထာ​ဝ​ရ​ဘု​ရား​က​ရှော​လ​မုန်​အား၊-

12. ``သင်​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​လျှင် သင့်​ခ​မည်း တော်​ဒါ​ဝိဒ်​အား​ငါ​ပေး​ခဲ့​သည့်​က​တိ အ​တိုင်း​သင့်​အ​တွက်​ငါ​ပြု​မည်။-

13. သင်​ဆောက်​လုပ်​လျက်​ရှိ​သည့်​ဗိ​မာန်​တော်​တွင် ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​လယ်​တွင်​ငါ​ကျိန်း​ဝပ်​မည်'' ဟု မိန့်​တော်​မူ​၏။

14. သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ကို​ပြီး အောင်​တည်​ဆောက်​တော်​မူ​၏။

15. အ​တွင်း​နံ​ရံ​များ​ကို​ကြမ်း​မှ​မျက်​နှာ​ကျက် တိုင်​အောင် သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ဖုံး​အုပ်​ပြီး လျှင် ကြမ်း​ကို​ထင်း​ရှူး​ပျဉ်​များ​ဖြင့်​ခင်း​ထား လေ​သည်။-

16. အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​တွင် သော​ဗိ​မာန်​တော်​အ​တွင်း​ခန်း​သည် အ​လျား ပေ​သုံး​ဆယ်​ရှိ​၍​ယင်း​ကို​သစ်​က​တိုး​သား ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​အ​ထိ​ကာ​ရံ ထား​၏။-

17. အ​လွန်​သန့်​ရှင်း​ရာ​ဌာန​အ​ရှေ့​ရှိ​အ​ခန်း​သည် အ​လျား​ပေ​ခြောက်​ဆယ်​ရှိ​၏။-

18. သစ်​က​တိုး​သား​ပျဉ်​များ​တွင်​အ​သီး​အ​ပွင့်​ပုံ များ​ထု​လုပ်​ခြယ်​လှယ်​ထား​လေ​သည်။ ကျောက် နံ​ရံ​ကို​မ​မြင်​နိုင်​စေ​ရန် ဗိ​မာန်​တော်​အ​တွင်း ပိုင်း​တစ်​ခု​လုံး​ကို​သစ်​က​တိုး​သား​ဖြင့်​ဖုံး အုပ်​ထား​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 6